နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ်(၁၁)
မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းများ၊ နှစ်နိုင်ငံပို့ကုန်/သွင်းကုန်လုပ်ငန်းများ ကို အပြန်အလှန်တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် (၁၁)ရက်မွန်းလွဲ(၂)နာရီခွဲတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာ-တရုတ်နယ်စပ်ဒေသ စီးပွားပူးပေါင်းဆောင်ရွက်မှုဇုန်တည်ဆောက်ရန် မူအားဖြင့် နှစ် နိုင်ငံ သဘောတူညီမှုရရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ စီးပွာရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည် ဆောက်ခြင်းအားဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည့် အခြေအနေများနှင့် မြန်မာ-တရုတ်ကုန်သွယ်မှုလမ်းကြောင်းများ နှစ်နိုင်ငံပို့ကုန်/သွင်းကုန်လုပ်ငန်းများကို အပြန်အလှန် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများ ကျင်းပပေး ရေးကိစ္စရပ်များ၊ နယ်စပ်စီးပွာရေးဇုန်များ တည်ဆောက်ပြီးပါက မြန်မာနိုင်ငံပြည်တွင်းမှ တင်ပို့ သည့် လယ်ယာထွက်ကုန်သီးနှံများကို စီးပွာရေးဇုန်အတွင်း ပြန်လည်ပြုပြင်ထုတ်ပိုးတင်ပို့သွားနိုင် သည့်အခြေအနေများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာများရရှိရေးနှင့် ဇုန်တည်ဆောက်ရာတွင် နှစ်နိုင်ငံ အကျိုးစီးပွားတူညီစွာ ခံစားနိုင်ရေး အတွက် မျှတစွာဆောင်ရွက်သွားနိုင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီး အကဲများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အလားတူ ယနေ့ မွန်းလွဲ(၁) နာရီတွင် အဆိုပါ ခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ပြည်နယ်အတွင်းရှိ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး နယ်စပ်ဒေသစီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
Visitors: 8,518