မြစ်ကြီးနားမြို့၌ ကမ္ဘာ့အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိုင်(၃၀)
၂၀၁၈ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်းကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ပြည်သူလူထုအတွင်းအသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှုကို သိရှိစေရန် စစ်တမ်းကောက်ယူခဲ့ရာ အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုးရှိသူ (၆.၅)ရာခိုင်နှုန်းနှင့် “စီ” ပိုး ရှိသူ(၂.၇)ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ စစ်တမ်းကောက်ယူမှုအရ ကချင်ပြည် နယ်အတွင်း အသည်းရောင်အသားဝါ “စီ” ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးမြို့ထဲတွင် မြစ်ကြီးနား မြို့လည်းပါဝင်ကြောင်း၊ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသွေးကြောထဲထိုးသွင်းသူများအကြား အသည်းရောင်အသားဝါရောဂါ စီပိုးကူးစက်မှုမှာ (၇၃.၉)ရာခိုင်နှုန်းရှိကြောင်းကို သိရှိရပြီး အသည်း ရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ကြောင်းနှင့် စီ ရောဂါပိုးအတွက် ကာကွယ်ဆေးမရှိသေးကြောင်းကို သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အသည်းရောင်အသားဝါရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ကိုယ်စား၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စိုးကအသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရှေ့တောင်အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး၏သဝဏ်လွှာ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး(မြန်မာနိုင်ငံ)မှ ဒေါက်တာအေးမြတ်စိုးက ဖတ်ကြားသည်။
ဆက်လက်၍ အသည်းရောင်အသားဝါရောဂါအကြောင်း ပညာပေးမှတ်တမ်း Video ကို ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ဝင်များ၊ မြန်မာအသည်းဖောင်ဒေးရှင်း၊ NGO ၊ INGO များ၊ ဒေသခံပြည်သူများက ကမ္ဘာ့ အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြခန်းနှင့် အသည်းဖောင်ဒေးရှင်းမှ အသည်းရောင်အသားဝါရောဂါပိုးစစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံပေးမှုအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြသည်။

Visitors: 8,518