ပြည်နယ်အတွင်းရှိ ထူးချွန်အမျိုးသမီးများအား (၁၅)ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇူလိုင်(၂၆)
(၁၅)ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ကချင်ပြည်နယ် အတွင်းရှိဘက်စုံထူးချွန်ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း(၆)ဘာသာဂုဏ်ထူးရှင်များနှင့် အားက စားနှင့် ဘက်စုံထူးချွန်အမျိုးသမီးများအား ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်သီတာအောင် ထူးချွန်အမျိုး သမီးများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးရေးရာအဖွဲ့ချုပ်၏ ကျေးလက် ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပထမဆုရရှိခဲ့သည့် ပါဝါပွိုင့်အား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခေါန်ထွယ်က ရှင်းလင်းတင် ပြသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးစီမံချက် ပထမဆုနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၀၁၇ ခုနှစ် အတွင်း ပြည်နယ်လှုပ်ရှားမှု ထူးချွန်ဆုရရှိခဲ့သည့်အတွက် ဂုဏ်ပြုဆုကို ပြည်နယ်တရားသူကြီး ဒေါ်ပြုံးပြုံးအေးကပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆေးကျောင်းတက် ခွင့်ရကျောင်းသူတစ်ဦးအားပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၂၀၀၀၀၀)၊ တက္ကသိုလ်စာမေးပွဲ၌(၆) ဘာသာဂုဏ်ထူးရှင် ကျောင်းသူ (၁၀)ဦးတို့နှင့် ဘက်စုံပညာထူးချွန်လူငယ်အဖြစ်ရွေးချယ်ခံရသည့် ကျောင်းသူ(၁၅)ဦးတို့အား ငွေကျပ် (၁၀၀၀၀)စီ၊ (၁၅) ကြိမ်မြောက် ထူးချွန်အမျိုးသမီးဂုဏ်ပြုပွဲအ ထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်း သူများနှင့် အနုပညာဆိုင်ရာစာပေဗိမာန်ဆု၊ ထူးချွန်ကြက်ခြေနီ၊ အားကစားထူးချွန် အမျိုးသမီးများ နှင့်အကြိမ်ရေအများဆုံးသွေးလှူရှင်စသည့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများကို ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,518