ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇူလိုင်(၂၆)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဖွဲ့စည်းနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊အရပ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီဝင် များ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဝိုင်းမော် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူက မွေးကင်းစ ကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းကိုရည်ရွယ်ချက်(၂)ရပ်ဖြစ်သည့်ရင်ခွင် မဲ့ကလေးငယ်များဖြစ်ခြင်းကို လျော့ချရန်နှင့် ရင်ခွင်မဲ့ကလေးငယ်များအား ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာဥပဒေပါ အခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးရန် စသည့် ရည် ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အဆိုပါအသင်းကိုဖွဲ့စည်းပြီး ပြည်သူလူထု အတွင်းအသိပညာတိုးပွားစေရန်စည်းရုံးလုပ်ရှားရေး၊ မိဘများအနေဖြင့် ကလေးများဖွံ့ဖြိုးတိုးတက် မှုအတွက် မှန်ကန်သော ကလေးပြုစုစောင့်ရှောက်ရေးစနစ်များ သိမြင်လာစေရေးတို့အတွက် အမျိုး သမီးများအရေးဦးဆောင်နေသော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က ကလေးသူ ငယ်စောင့်ရှောက်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက ရင်ခွင် မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဝန်ကြီးဌာနဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးအရေးဦးဆောင်နေသော လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူတို့က အသင်းဖြစ်ပေါ်လာစေရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များ၊အသင်း၏လုပ်ငန်းစဉ်များနှင့် လူထုအတွင်းဆက်သွယ်စည်းရုံးအသိပညာပေးရေး၊ အသင်းဝင်များတိုးပွားရေးတို့အတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အသင်းဝင်လျှောက်လွှာများ ကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြသည်။

Visitors: 8,518