ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင်(၂၅)
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အံတော်ရှင်ကျောင်းတိုက်၊ တောင်တန်းသာ သနာပြု(ဗဟို)ခေါင်းဆောင် ဆရာတော်ဒေါက်တာဉာဏဓဇ အမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့ ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ဝတ်အသင်းများနှင့်ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကာ ဆရာတော်သံဃာတော်များထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတုသုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ပြီး ဆရာတော်/သံဃာတော်များအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Visitors: 8,447