ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းကြေညာထားမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင်(၂၁)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ် ထားကြေညာထားရှိမှုနှင့် မြို့ဖွံ့ဖြိုးရေးအတွက် လမ်းများခင်းကျင်းနေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဦးစွာ စီတာပူရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်လမ်း (၄၅၀၀) ပေကို လမ်းသားတိုးချဲ့၍ ခင်းကျင်းဆောင် ရွက်နေမှုနှင့် တက္ကသိုလ်ဝင်းအတွင်း ရေနှုတ်မြောင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပိုင်းအား မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ရေစီးရေ လာကောင်းမွန်ရေးနှင့် လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မန်ခိန်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်း ကတ္တရာလမ်းခင်းကျင်းနိုင်ရေးအတွက် လျာထားတင်ပြလာသည့် ရာပြည့်(၂) လမ်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ထိုမှတဆင့် နောင်နန်းကျေးရွာအုပ်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ရုံး၊ ပလနကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့နှင့် တပ်ကုန်းရပ်ကွက်၊ မြေမြင့် ရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်တို့နှင့် ခေမာသီရိရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအ တွင်း ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအခြေအနေတို့ကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန် ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)လစ်လပ်နေရာအတွက် နိုင်ငံရေးပါတီ (၆)ခုမှ ကိုယ်စားလှယ်လောင်း (၆)ဦး အမည်စာရင်းတင်သွင်းထားရှိကြောင်းနှင့် မြို့နယ်အတွင်းမဲရုံပေါင်း(၁၁၄)ရုံ၊မဲဆန္ဒရှင်(၂၀၅၁၈၂)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

Visitors: 8,447