ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသေးစားအရင်းအနှီး ချေးငွေစုစုပေါင်းကျပ်သန်း(၁၇၀၇၇.၇၀၃၇) ထုတ်ပေးခဲ့

မြစ်ကြီးနား ဇူလိုင်(၂၀)
ကချင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသေးစားရင်း နှီးချေးငွေ၊လယ်ယာသုံးစက်ကိရိယာ၊ လယ်ယာအဆင့်မြှင့်တင်ရေးနှင့် အသင်းများဘက်စုံဖွံ့ဖြိုးရေး တို့အတွက် စုစုပေါင်းပံ့ပိုးချေငွေကျပ်သန်း (၁၇၀၇၇.၇၀၃၇)ကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၊ ဆွတ်ဂျာအိန်အစည်းအဝေးခန်းမ၌ (၁၀)ကြိမ်မြောက် အသေးစား အရင်းအနှီးချေးငွေပေးအပ်ပွဲအခမ်းအနားတွင် ပံ့ပိုးပေးအပ်ခဲ့သည်။
အဆိုပါ ချေးငွေများကို ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင် (၄)ခုအတွင်းရှိ မြို့နယ်ပေါင်း(၁၃)မြို့နယ်မှ အသင်းပေါင်း (၄၈၁)သင်း၊ အသင်းသား(၄၃၁၅၆)ဦးတို့ ထံသို့ အသေးစားအရင်းအနှီးချေးငွေကျပ်သန်း (၁၆၄၃၃.၇၃၆၇)နှင့် လယ်ယာသုံးစက်ကိရိယာ(၂၇) စီးအတွက် ပံ့ပိုးချေးငွေသန်း(၁၀၆.၃၄၀)၊ လယ်ဧက(၁၈၈၁.၀၉)အတွက် လယ်ယာမြေအဆင့်မြှင့် တင်ပြုပြင်ဆောင်ရွက်ရန်အတွက် ပံ့ပိုးချေးငွေကျပ်သန်း (၄၈၇.၆၂၇)နှင့် အသင်းများဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ်သန်း(၅၀.၀၀၀) တို့ဖြင့် စုစုပေါင်း ပံ့ပိုးချေးငွေကျပ် သန်း (၁၇၀၇၇. ၇၀၃၇)ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်း လင်းတင်ပြခဲ့ကာ ခရိုင်များအလိုက် ချေးငွေများကို ပြည်နယ်ဝန်ကြီးက ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်လီဆူတိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးတို့က ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် သမဝါယမလုပ်ငန်းများတွင် အကောင်းဆုံးစွမ်းဆောင် နိုင်ခဲ့သည့် ဝိုင်းမော်၊ ရွှေကူနှင့် ပူတာအိုမြို့နယ်များ၊ သမဝါယမကဏ္ဍ(၃)ရပ်တွင် ထုတ်လုပ်မှုကဏ္ဍ အကောင်းဆုံးရ ဝိုင်းမော်မြို့နယ် မနောမြန်မာရက်ကန်းကုန်ထုတ် သမဝါယမအသင်း(လီမိတက်)၊ ဝန်ဆောင်မှုကဏ္ဍအကောင်းစွမ်းဆောင်ရည်ဆုရ မြစ်ကြီးနားမြို့နယ်၊ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်း(လီမိတက်)၊ကုန်သွယ်မှုကဏ္ဍအကောင်းဆုံးဆုရ မိုးညှင်းမြို့နယ်ဝန်ထမ်းပေါင်း စုံ(GEC)သမဝါယမအသင်း(လီမိတက်)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၂၄)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် ဂုဏ်ပြုဆုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်က ချီးမြှင့်ရာ ပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက လက်ခံရယူကာ အသင်းသားများကိုယ်စား အသင်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

Visitors: 8,518