ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိုင်(၁၉)
(၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာနံနက်(၁၀)နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများ အားလွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက် နာရီစင်အနီး ဗိုလ်ချုပ်ပန်းခြံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လွမ်းသူ့ပန်းခွေများ ချပေးကြပြီး အာဇာနည်ခေါင်းဆောင် ကြီးများကို အလေးပြုကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူအားလုံးက ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို (၂)မိနစ်ငြိမ်သက်စွာ မေတ္တာပို့ အမျှပေးဝေခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ နိုင်ငံရေးအသီးသီးမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ သူနာပြု/ သားဖွားနှင့် ဆရာအတတ်သင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသား/သူများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများနှင့် ရပ်ကွက်အသီး သီးမှ ဒေသခံပြည်သူများက လွမ်းသူ့ပန်းခွေများချပေးကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် မြို့တော်ခန်းမ၌ နှစ်(၇၁)မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီးပရိတ်တရားတော်များနာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒန်းခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Visitors: 8,528