မြစ်ကြီးနားမြို့၌ နိုင်ငံတစ်ဝန်းမူခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင်(၉)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခေတ်မီသည့် မူခင်းစီမံခန့်ခွဲမှုစနစ်ကို နိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံးတွင် အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် တရားစီရင်ရေးမ ဟာဗျူဟာစီမံကိန်း၏ နယ်ပယ်(၅)ဖြစ်သည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက် ၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြော ကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက မူခင်းစီမံခန့်ခွဲမှုနှင့် အစီအစဉ် ကို ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်တရားရေးဦးစီးမှူး ဦးတူးမောင်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် တရားစွဲအဖွဲ့ အစည်းများမှဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက တရားရုံးများတွင် စစ်တမ်းကောက် ယူမှုအခြေအနေ၊ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများစသည့် မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ် သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဒုတိယညွှန် ကြားရေးမှူး ဒေါ်အေးအေးလှိုင်နှင့် USAID မှ ဒေါ်ယိမ်းမျှော်တို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး အတွက် တရားရုံးများတွင်ဇွန်လ(၁၈)ရက်နေ့မှ(၂၀)ရက်နေ့အထိ မြစ်ကြီးနားတက္ကသိုလ်ဥပဒေဌာန မှ ကျောင်းသား/သူများ၏ အကူအညီဖြင့် စစ်တမ်းကောက်ယူမှုကို ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ် သြဂုတ်လ(၁)ရက်နေ့မှစတင်၍ပြည်နယ်တရားလွှတ်တော်ကကြီးမှူးပြီး မြစ်ကြီးနားခရိုင်နှင့်မြို့နယ် တရားရုံးနှင့် ဝိုင်းမော်မြို့နယ်တရားရုံးတို့တွင် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အစီအစဉ်ကို ကျင့်သုံးအကောင်အထည်ဖော်ပါက မှုခင်းပြီးပြတ်မှုနှုန်းတိုး တက်လာမည်ဖြစ်ပြီး ကြန့်ကြာသောမှုခင်းများလျော့နည်းကျဆင်းလာကာ တရားရုံးအသုံးပြုသူများ ၏ စိတ်ကျေနပ်မှုမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း ပြည်နယ်တရားလွှတ်တော်မှသိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်တရားရေးအရာရှိများ၊တရား သူကြီးများ၊ ရှေ့နေများနှင့် တရားစွဲအဖွဲ့အစည်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

Visitors: 8,518