မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိုင်(၃)

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အတွင်းရှိအမျိုးသမီး များအရေး တက်ကြွစွာဆောင်ရွက်လျက်ရှိကြသည့် အဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် မြန်မာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပြည်နယ်အတွင်း IDPs စခန်းများ အတွင်းရှိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးအစီအစဉ်များ၊ ရေရှည် ဖွံ့ဖြိုးတိုးတက်သော အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အကြမ်းဖက်ခံအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကူညီထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သည့် မိသားစုများအတွက် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်း များကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO ၊ INGOများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်စာရင်းချုပ်နှင့်ဇနီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်အတွင်းရှိကုလသမဂ္ဂအဖွဲ့အစည်းဝင်များ၊ အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားလျက်ရှိသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရအဟုတ်သောအဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့ကြသည်။

Visitors: 8,447