မိုးညှင်းမြိုရှိ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန်(၂၉)
ကချင်ပြည်နယ်၊မိုးညှင်းမြို့အတွင်းရှိ အသက်(၉၀)နှစ်နှင့်အထက်သက်ကြီးဘိုး/ဘွား(၁၈)ဦး တို့အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြင့် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့် ပြည်နယ်ဝန်ကြီး များ၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးညှင်းမြို့၊ စိမ်းလဲ့ရတနာခန်းမနှင့် ရပ်ကွက်နေအိမ်များသို့သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ စိမ်းလဲ့ရတနာခန်းမ၌ သက်ကြီးဘိုး/ ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေး အပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဘိုးဘွားများကို နှုတ်ခွန်းဆက် အားပေးစကားပြောကြား ပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဒေါ်မြမာလာစိုးကအသက်(၉၀)နှစ်နှင့်အထက် ပြည်နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် တာဝန်ရှိသူများက အခမ်းအနားတက် ရောက်လာသော ဘိုး/ဘွား(၉)ဦးတို့အား လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် တစ်လအတွက် ငွေကျပ် (၁၀၀၀၀) နှုန်းစီဖြင့် (၃)လစာအတွက်ငွေကျပ် (၃၀၀၀၀)စီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက် တွေ့ဆုံအားပေးပြီး လူမှုရေးပင်စင်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ကျန်ရှိသည့် ဘိုးဘွားများ၏ နေအိမ်များသို့ မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ် ကြောင်းသိရှိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ဖြင့် ကချင်ပြည်နယ် အတွင်းရှိ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၅၆)ဦးရှိသည့်အနက် မြစ်ကြီးနားခရိုင် အတွင်း(၃၄၄)ဦး၊မိုးညှင်းခရိုင်အတွင်း(၂၉၆)ဦး၊ ဗန်းမော်ခရိုင်၌ (၁၉၉)ဦးနှင့် ပူတာအိုခရိုင်အတွင်း ၌ (၁၀၇)ဦးတို့အား လူမှုရေးပင်စင်အဖြစ် တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် (၃)လစာအတွက် ငွေကျပ်(၃၀၀၀၀)နှုန်းကို ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် နောက်နှစ်များတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများကိုပါ ထောက်ပံ့ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိ ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

Visitors: 8,518