အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇွန်(၂၆)
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် က အမှာစကားပြောကြားသည်။
ယင်းသို့အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် ဘယ်လောက် ကြီးမားနေသည်ကို ထောက်ပြအသိပေးလိုပါကြောင်း၊ ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး မှုနှင့် ပတ်သက်သည့် အမှုပေါင်း(၁၈၁၄)မှုရှိခဲ့ပြီး ကျား/မတရားခံပေါင်း(၂၄၀၇) ဦး၊ ဖမ်းဆီးရမိမူးယစ် ဆေးဝါးများ၏ကာလတန်ဖိုးကျပ်သိန်းပေါင်း(၈၅၂၁၆)သိန်းကျော်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊၂၀၁၈ ခုနှစ်၊မေလအထိ အမှုပေါင်း(၆၇၃)မှု၊ တရားခံပေါင်း(၉၅၁)ဦးနှင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း (၇၇၇၂) သိန်းကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
ယင်းနောက် ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးကြီးထက်လွင်က မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့် ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့် အလွတ်တန်းဝတ္ထုတိုပြိုင်ပွဲတွင် ဆုရ ရှိသူများနှင့် ပြည်နယ်အဆင့် ထက်၊လယ်၊မူ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများနှင့် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးထူးချွန်စွာ ဖမ်းဆီးနိုင်သည့်ဆုနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင်ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့်ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ ဗီဒီယိုမှတ်တမ်းအား ဖွင့်လှစ်ပြသပေးခဲ့ပြီး မူးယစ်ဆေးဝါး အန္တရာယ်အသိပေးပြခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

Visitors: 8,528