ပြည်သူ့အတွက်ဒုတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲလုပ်ငန်းများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

မြစ်ကြီးနား ဇွန်(၂၀)
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေ ဖြင့် (၂)နှစ်တာကာလအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ် သည့် အဆောက်အဦ၊ ကျောင်း၊ လမ်းတံတားနှင့် ပြည်သူများအလုပ်အကိုင်ရရှိရေး စသည့် လုပ်ငန်းများ ကို ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့မျှော်မှန်းချက်နှင့် ရည်မှန်းချက် များသည် ငြိမ်းချမ်းရေးရရှိရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး မူးယစ်ဆေးဝါးကင်းစင်ကာ ပြည်ထောင်စု သားအားလုံး အေးချမ်းစွာနေထိုင်နိုင်သည့် ပြည်နယ်တစ်ခုဖြစ်လာဖို့ရန်ဖြစ်ပါကြောင်း၊ သတင်းအမှန် အကန်ဖြစ်စေရေးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းမှု သည် အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့အစိုးရအဖွဲ့၏ ပြည်သူအပေါ်ထားသည့် မျှော်မှန်းချက်/ ရည် မှန်းချက်များကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်နယ်အ တွင်းဘဏ္ဍာနှစ်အလိုက် စီမံကိန်းများရေးဆွဲပြီး ခရိုင်အလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက် နေမှုကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အခြေစိုက် သတင်းမီဒီယာများက တစ်ရှုးငှက်ပျောစိုက်ခင်းများအပေါ် အစိုးရအဖွဲ့၏ စီမံဆောင်ရွက်နေမှု၊ ဖားကန့်ဒေသအတွင်းရှိ စက် ယန္တရားများအခြေအနေ၊ ငြိမ်းချမ်းရေးကိစ္စရပ်များဆောင်ရွက်နေမှုနှင့် IDPs စခန်းများကိစ္စရပ်များ နှင့် စပ်လျဉ်း၍သိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

Visitors: 8,518