နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ စုပေါင်းသစ်ပင်စိုက်ပျိုး

မြစ်ကြီးနား ဇွန်(၁၉)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊အောင်နန်းရပ်ကွက်၊တပင်ရွှေထီးလမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ နှင့် လမ်းဘေး ဝဲ/ယာတို့တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် မြို့မိမြို့ဖများ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း မြို့နယ်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ ကျောင်းသား/သူများက စုပေါင်း၍ ကံကော်၊ ခရေ၊ ရွက်လှ၊ ငုဝါ အစရှိသည့် အရိပ်ရအပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။

Visitors: 8,447