ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်အားပေးပြီး မြို့တွင်းလမ်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန်(၁၆)
၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း၌ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည် နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်လေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြု သင်တန်းကျောင်းနှင့် ပညာရေးကောလိပ်မှ သင်တန်းသား/သူများ၊ တက္ကသိုလ်ကျောင်းသား/သူများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ ကံ့ကော်၊ ရေတမာ၊ ယုဇန အစရှိသည့် ပျိုးပင်ပေါင်း (၁၇၀၀)ကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ စိမ်းမြဧရာ ပန်းခြံဘေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းတိုးချဲ့နိုင်ရေးကြည့်ရှုစစ်ဆေးပြီး ကြက်ပေါင်ခြံရပ် ကွက်၌ ဖြတ်သန်းသွားသော ပင်မရေနှုတ်မြောင်းအား ရေစီးရေလာကောင်းမွန်ရေး နှုန်းမြေဆယ်ယူနေ မှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ စျေးကြီးလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံအနီး Box Culvert တည်ဆောက်မည့် အခြေအနေနှင့် ရေနှုတ်မြောင်းအတွင်း ပိတ်ဆို့နေမှုကို ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး ခေမာသီရိ ရပ်ကွက်အတွင်း အနော်ရထာလမ်းမကြီးအား AGD ဘဏ်ရှေ့မှ အမှတ်(၂)ရဲစခန်းအထိ လမ်းပိုင်းအား ကတ္တရာခင်း ကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် လမ်းများ တိုးချဲ့ဆောင်ရွက်ရာတွင် လုပ်ငန်းများစနစ်တကျရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

Visitors: 8,528