ဝိုင်းမော်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန်(၁၁)
ဝိုင်းမော်မြို့နယ်၊ ရှငေါ်ဒေသအတွင်းရှိ ကျေးရွာများမှ နယ်မြေအခြေအနေအရ ပြောင်းရွေ့လာ သောတိုက်ပွဲရှောင်ပြည်သူများရှိရာ ဝိုင်းမော်မြို့ရှိ နှစ်ချင်းအသင်းတော်များအဖွဲ့ရုံး၌ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့သည့်ဆန်ရိက္ခာပစ္စည်းများကို ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ တိုက်ပွဲရှောင်မိသားစုဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်တို့က မိသားစုဝင်များနှင့် တွေ့ဆုံအားပေး နှစ်သိမ့်စကားပြောကြားကြကာ မိသားစုများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် နေထိုင်စားသောက် ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် စခန်းရှိ အိမ်ထောင်စု (၈၀)၊ လူဦးရေ(၃၆၃)ဦးတို့အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့သည့် ဆန်အိတ်(၁၁၃)အိတ်၊(၁၀)ပြည်နှင့်(၄)ဗူး၊ဆီ(၁၆၀) ပိဿာနှင့်ပဲ(၁၆၀)ပိဿာ၊ဆား(၈၀)ပိဿာတို့နှင့် ရေသန့်ဆေးများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးဝါး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် ပြည်နယ်ဝန်ကြီးဇနီး၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသည် အင်ဂျန်းယန်မြို့နယ် အတွင်းနှင့် ရှငေါ်ဒေသမှ ဂျူဗလီ၊ ဝလောင်ယန်၊ အောင်ရာ၊ အင်ဒုံးဇွပ်၊ ဆွတ်ဂျာ၊ (၅၂)မိုင်ကျေးရွာများ မှ ခေတ္တပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခုအကြိမ်ထောက်ပံ့မှုသည် ဒုတိယအကြိမ်မြောက် သွားရောက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

Visitors: 8,518