ပြည်နယ်ဝန်ကြီးချုပ် သတ္တုတွင်းဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးခွဲနှင့် MYTEL ဆက်သွယ်ရေးလိုင်းသစ်တို့အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇွန်(၉)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် သတ္တုတွင်းဦးစီးဌာန၊ ကချင်ပြည်နယ်ရုံး ခွဲနှင့် ဆက်သွယ်ရေးလိုင်းသစ်ဖြစ်သည့် MYTEL တို့အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်(၈)နာရီတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်(၂၀၄.၄၈)သန်းဖြင့် ဆောက်လုပ်ပြီးစီးသည့် အလျား(၈၀)ပေ၊ အနံ(၃၀)ပေ၊ RC (၃)ထပ်အဆောက်အဦ သတ္တုတွင်းဦးစီးဌာနရုံးသစ်ကို ပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နှင့် သတ္တု တွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရုံးအဆောက် အဦတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ဧရာရပ်ကွက်အတွင်းရှိ မနောဧရာကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မရပ်ကွက်ရှိ Cartel Hotal ၌ ကျင်းပမည့် MYTEL ဆက်သွယ်ရေးလိုင်းသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆက်သွယ်ရေးလိုင်းသစ်အား ပြည် နယ်အတွင်း စတင်သုံးစွဲနိုင်တော့မည့် အခြေအနေများနှင့် MYTEL ဆက်သွယ်ရေးလိုင်းသစ်၏ 4G Lte လိုင်းသစ်၊ Data ဝန်ဆောင်မှုအသစ်များ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် Mytel ဆက်သွယ်ရေးလိုင်းသစ်၏ ဖွင့်လှစ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ Mytel ၏ ပြည်နယ် ဒါရိုက်တာ Mr. Vu Dinh Phuc နှင့် ပြည်နယ်ဖြန့်ချီရေးနှင့်အရောင်းမန်နေဂျာ ဦးLဇော်ဒန်တို့က ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန် က အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် Mytel ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

Visitors: 8,447