စက္ကုဒါနလုပ်ငန်းများ အောင်မြင်စွာပြီးစီးသည့် ကိုရီးယားဆရာဝန်များအဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့မှ ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင်များပေးအပ်

မြစ်ကြီးနား ဇွန်(၈)
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တောင်ကိုးရီးယားနိုင်ငံ Seoul Namsan Lions Club အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Kin Myung Shin (ဂင်(မ်)မြောင်ရှင်း) ဦးဆောင်သော ခွဲစိတ်ဆရာ ဝန်ကြီးများနှင့်သူနာပြုများသည် ဇွန်(၃)ရက်မှ (၈)ရက်နေ့အထိ ပြည်နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာ ရှင်လူနာများအား ခွဲစိတ်ကုသခြင်း၊ လေဆာဖြင့်ကုသခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြရာ ယနေ့ နံနက်ပိုင်းတွင် သီတဂူစက္ကုဒါနဆေးရုံ၌ အဆိုပါ ဆရာဝန်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခြင်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့ခေါင်းဆောင်နှင့် ဆရာဝန်ကြီးများအဖွဲ့အား တွေ့ဆုံခဲ့ကြပြီး အဖွဲ့ ခေါင်းဆောင် Mr.Kin Myung Shin နှင့် အဖွဲ့ဝင်ဆရာဝန်ကြီးများက ၎င်းတို့အဖွဲ့၏ မျက်စိခွဲစိတ် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အဖွဲ့၏ပရဟိတလုပ်ငန်းများ ဆောင်ရွက်မှုအ ခြေအနေ၊နောက်တစ်ကြိမ်လာရောက်ခွဲစိတ်ကုသနိုင်ရေးနှင့် ကျောင်းအဆောက်အဦဆောက်လုပ်လှူဒါန်း ပေးလိုသည့်ကိစ္စရပ်များကို ရှင်းလင်းပြေကြားကာ အဖွဲ့ခေါင်းဆောင်ကပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းနေပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားကာ အဖွဲ့ခေါင်းဆောင်အား ကချင်ရိုးရာလွယ် အိတ်၊ ဓားနှင့် ခေါင်းပေါင်းတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးခဲ့သည်။
အဆိုပါ ကိုရီးယားနိုင်ငံမှ ဆရာဝန်အဖွဲ့အနေဖြင့် ဇွန်(၃)ရက်မှ ယနေ့အထိ မျက်စိစမ်းသပ်စစ် ဆေးပေးနိုင်ခဲ့သည့် လူနာ(၁၁၉၀)ဦး၊ ခွဲစိတ်ကုသပေးနိုင်သည့်လူနာ(၂၇၀)နှင့် လေဆာနှင့် (၈၃) တို့အား လေဆာဖြင့် ကုသနိုင်ခဲ့ကြောင်းသိရှိရပြီး မြစ်ကြီးနား၊ သီတဂူစက္ကုဒါနဆေးရုံ၌ ယခင် (၈)ကြိမ်မြောက် အထိ စက္ကုဒါနလုပ်ငန်းမျာကို ပြည်နယ်အတွင်းရှိလူဦးရေ (၁၃၄၃၈)ဦးတို့အား စမ်းသပ်စစ်ဆေးပေး နိုင်ခဲ့ကာ လူဦးရေ(၂၃၅၁)ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သီတဂူအကျိုးဆောင်အဖွဲ့ထံမှ သိရှိ ရသည်။

Visitors: 8,527