ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ တို့တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇွန်(၆)
ကချင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ အကောင် အတည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေချောမွေ့စွာနှင့် ထိရောက်အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်အတွက် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းအဖွဲ့ခွဲနှင့် ပြည်နယ်အစိုး ရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံတွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၂) နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေး အကြံပြုကြမှသာလျှင် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအဖို့ဥပဒေ၏ အကာအကွယ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် သာတူညီမျှမှုတို့ရရှိခံစားစေပြီး အေးချမ်းသာယာစွာနေထိုင်နိုင်ကြမည်ဖြစ်ကြောင်း တိုက် တွန်းပြောကြားခဲ့သည်။
ယင်းနောက် အဖွဲ့ခွဲတာဝန်ခံ ဒေါ်ဒွဲဘူက တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ် ငန်းများပေါင်းစပ်ညှိနှိုင်းအဖွဲ့(နေပြည်တော်)၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်း လင်းတင်ပြခဲ့ပြီး ပြည်နယ်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို အဖွဲ့ခေါင်းဆောင် ဒေါ်မေရီမီနန်နှင့် အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဒေါ်သစ်သစ်ဝင်းတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တရားဥပဒေစိုးမိုးရေးစင်တာ( မြစ်ကြီးနား) တာဝန်ခံ ဦးဇော်လောဒ်(UNDP)နှင့် စီမံအုပ်ချုပ်ရေးမှူး ဒေါ်Mဘန်မွန်းဆန်တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံး ချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကချင်ပြည်နယ် တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းအဖွဲ့ခွဲတို့ တက်ရောက်ခဲ့ဆွေးနွေးခဲ့ ကြသည်။

Visitors: 8,518