ပြည်နယ်ဝန်ကြီးချုပ် သီတဂူစက္ခုဒါနဆေးရုံကြီး၌ မျက်စိခွဲစိတ်ကုသခံလူနာများအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား ဇွန်(၆)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ (၁၀)ကြိမ်မြောက် စက္ခုဒါနလုပ်ငန်း ဖြစ်သည့် ပြည်နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသပေးခြင်းနှင့် စမ်းသပ်ပေးခြင်း လုပ်ငန်းများကို ဇွန်(၃)ရက်မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဆေးရုံ၌ စက္ခုဒါနလုပ်ငန်းများကိုသီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တောင်ကိုးရီး ယားနိုင်ငံ Seoul Namsan Lions Club အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Kin Myung Shin (ဂင်(မ်) မြောင်ရှင်း) ဦးဆောင်သော ခွဲစိတ်ဆရာဝန်ကြီး(၆)ဦးတို့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကူညီမှုဖြင့် မျက်စိရောဂါဝေဒနာရှင်လူနာများအား မျက်စိစမ်းသပ် ပေးခြင်းလုပ်ငန်းများ၊ ခွဲစိပ်ကုသမှုလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆေးရုံဝင်းအတွင်း ရပ်ဝေးမှလာ ရောက်ခွဲစိတ်ကုသခံလူနာများအား ကြည့်ရှုအားပေးကြပြီး နေကာမျက်မှန်များ တပ်ဆင်ပေးခဲ့ကြကာ စက္ခုဒါနဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း(၁၀)ကို ပေးအပ်လှူဒါန်းခဲ့သည်။
သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိခွဲစိတ်ကုသခံလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၂၇.၅.၂၀၁၈) ရက်နေ့မှ ပြည်နယ်အတွင်း မျက်စိဝေဒနာကုသလိုသည့် စာရင်းကောက်ခံခဲ့၍ ဇွန်(၃)ရက်မှ (၅)ရက်နေ့ အထိ မျက်စိဝေဒနာရှင်လူနာ(၃၈၆)ဦးတို့အား စမ်းသပ်ပေးနိုင်ခဲ့ကာ(၈၃)ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့ ကြောင်းနှင့်လာရောက်ကုသခံလူနာများအားနေ့/ညထမင်းကျွေးမွေးပေးခဲ့ကြောင်း သီတဂူအကျိုးဆောင် အဖွဲ့ထံမှ သိရှိရသည်။

Visitors: 8,447