မြစ်ကြီးနားမြို့၌ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

မြစ်ကြီးနား ဇွန်(၅)
ပတ်ဝန်းကျင်အပေါ် လူသားများ သတိပြုမိစေရန်နှင့် လူသားတို့၏ နေ့စဉ်လူနေမှုဘဝအပေါ် ပတ်ဝန်းကျင်၏အကျိုးသက်ရောက်မှုများကို သတိပြုမှုစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ် အတွက် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” ဆွေးနွေးရေးခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပြီး အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး ပြည်နယ်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးကျော်အောင်မိုးက ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြကာ ယခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ဖွင့်လှစ်ပြသခဲ့သည်။
ယင်းနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများ အားဂုဏ်ပြုဆုနှင့်မှတ်တမ်းလွှာများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က အခြေခံ ပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ အားလည်းကောင်း ပြည်နယ်ဥပဒေချုပ်က ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချခြင်းပြိုင်ပွဲ တွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးက အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်ကူညီ သူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် ပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးကြခဲ့ကြသည်။

Visitors: 8,447