ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

မြစ်ကြီးနား မေ(၂၈)
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၀)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ဖားကန့်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော တရားမဝင်လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်နေကြသူများကို အခြားအိမ်နီးချင်းနိုင်ငံများရှိ ပြည်နယ်၏မြို့များတွင် သတ်မှတ်ချက်နှင့် အညီဖွင့်လှစ်ကြသကဲ့သို့ သတ်မှတ်ကန့်သတ်ပြီး ဖွင့်လှစ်ခွင့်ပြုပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း မေးမြန်းရာ သက်ဆိုင်ရာလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကိုယ်စား ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ မြို့နယ်ပိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း လောင်းကစားမှုမရှိစေရေး သက်ဆိုင်ရာအထက်ဌာန၏ညွှန်ကြားချက်များနှင့်အညီ လောင်းကစားမှု များကို အရှိန်အဟုန်မြှင့် ဖော်ထုတ်တားဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ် မတ်လအထိ လောင်းကစားမှု(၁၆)မှု၊ တရားခံကျား/မ(၃၇)ဦးတို့နှင့် လောင်းကြေးငွေ(၆၄၄၇၉၀၀) ကျပ်ကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်ရဲတပ်ဖွဲ့အတွင်းရှိ ခရိုင်/မြို့နယ်အပိုင်နယ်မြေများတွင် တည်ဆဲဥပဒေအရ လောင်းကစားခြင်းလုပ်ငန်းများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သတ်မှတ်ကန့်သတ်ပြီး ဖွင့်ခွင့်ပြုရန် မသင့်ပါ ကြောင်းရှင်းလင်းဖြေကြားခဲ့ပြီး နောင်မွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးမဘုဒဂုဏ်၏ နောင်မွန်မြို့နယ် ရပ်ဘော့-ကော်လဲ့-ပန်နန်းဒင်လမ်းပေါ်ရှိ ဝေဖီရာဇီတောင် ထိပ်မှ ပန်နန်းဒင်မြို့အဝင် တံတားအထိ (၆)မိုင်ခန့်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက် ချောလမ်းခင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အဆိုပါလမ်းပိုင်းအား ၂၀၁၈-၂၀၁၉ခု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ လျာထား တောင်းခံခဲ့ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း- ဖားကန့်- ဆိပ်မူ- တာမခံ- ဟောင်ပါးနှင့် ဆယ်ဇင်းကျေးရွာတစ်လျှောက် စီးဆင်းနေသော ဥရုချောင်းသည် နှစ်စဉ်ကျောက်စိမ်းတူးဖော်ကြ သောကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် မိုးအခါ၌ရေကြီးရေလျှံမှု ဆိုးဆိုးဝါးဝါးခံရသဖြင့် ချောင်းရှင်းလင်းရေးကော်မတီနှင့် မြေစာပုံစောင့်ကြည့်စိစစ်ရေးကော်မတီတို့အား စည်ပင်သာယာရေး ကော်မတီများကဲ့သို့ စနစ်တကျရွေးချယ်ဖွဲ့စည်းပေးသွားရန် အစီအစဉ် ရှိ/မရှိမေးခွန်းကို ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဖြေကြားရာတွင် ဥရုချောင်းသည် နှစ် စဉ်မိုးရာသီအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် ချောင်းထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့မှ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)မှဦးဆောင်၍ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများ၊ကျောက်မျက် တူးဖော်ရေးကုမ္ပဏီများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့နည်းတူ မြေစာပုံများကို လည်း စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စွန့်ပစ်မြေစာပုံများသတ်မှတ်ပြီး စနစ်တကျစွန့်ပစ်လေ့ရှိရာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအချို့၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့် မြေစာပုံပြိုကျများ ပေါ်ပေါက်လျက်ရှိနေပါကြောင်း၊ နောင်ကာလ များတွင် ထိုသို့ မဖြစ်စေရေးအတွက် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဖားကန့် ရတနာနယ်မြေအတွင်းဆောင်ရွက်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP)ကို ပြင်ပကော်မတီ များနှင့်ရေးဆွဲပြီး နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးထံ ပေးပို့ ဆန်းစစ်ခံယူလျက်ရှိပြီး ဆန်းစစ်မှုပြီးစီး၍ ဝန်ကြီးဌာနမှ အတည်ပြုပြီးပါက အဆိုပါ (EMP) တွင်ပါဝင်သောအစီအစဉ်များအတိုင်း ဥရုချောင်းရှင်းလင်းခြင်းနှင့် မြေစာပုံစောင့်ကြည့်ခြင်းလုပ်ငန်း များကို စနစ်တကျစောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားကာ အဆိုပါ မေးခွန်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်းခြင်း ကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ကချင်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာအထိ) အရ/ အသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီတို့က စိစစ်အကြုံပြုချက် အစီရင်ခံစာ များကို လွှတ်တော်သို့ တင်သွင်းခဲ့ကြပြီး အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518