ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

မြစ်ကြီးနား မေ(၂၅)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၀)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ လမ်းဦးစီးဌာန၊ တံတားတည် ဆောက်ရေးအဖွဲ့(၁)မှ တည်ဆောက်လျက်ရှိသည့် ပေ(၆၀)၊ တံတားအမှတ်(၂/၁၁၀) ဇနန်တံတား အား မည်သည့်အချိန်တွင် အပြီးသတ်ဆောင်ရွက်မည်နှင့် ဆက်လက်တည်ဆောက်ရန် အစီအစဉ်ရှိ /မရှိ၊ မချမ်းဘောမြို့နယ်အတွင်း မချမ်းဘော-ဘင်ခူးလမ်း၊ အင်ဘူးခချောင်း ကွန်ကရစ်တံတား (၅၀ ×၁၄×၁၅)ပေသည် မချမ်းဘော-ဘင်ခူးရွာချင်းဆက်လမ်းနှင့် မြို့နေလူထု၏ ကုန်ထုတ်လမ်းဖြစ် သောကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိမေးခွန်း များနှင့် ဗန်းမော်မြို့နယ် စင်ခန်းကျေးရွာအုပ်စု နန့်ခုတ်ကျေးရွာ၏ အနောက်ဘက်တွင် ရွှေသတ္တု တူးဖော်ရေး စာချုပ်ကို လိုက်နာခြင်းမရှိဘဲ မြေစာများစွန့်ပစ်ခဲ့ပြီး ပြန်လည်ဖိုးထားပေးခြင်း မရှိ သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးနေပါသဖြင့် မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း (၈)ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြ ရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံတင်သွင်းခဲ့သော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သက်ငယ်မုဒိမ်းမှုများ လျော့ကျစေရန် ကြီးလေးသော ပြစ်ဒဏ်ဖြစ်သော သေဒဏ်ချမှတ်ပေးနိုင် ရေးနှင့် ပညာပေးမှုအစီအစဉ်များ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ယင်းအဆိုနှင့် ပတ်သက်၍အဆိုရှင်ဒေါ်မြသွေးစံက မူလအဆိုအစား မြန်မာ နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော သက်ငယ်မုဒိန်းမှုများကို လျောကျစေရန် ကြီးလေးသော ပြစ်ဒဏ် ဖြစ်သော ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ပေးရေး၊ အယူခံခွင့်မပေးရေး၊ လျော့ပေါ့မှုမပေးရေးနှင့် လွှတ်ငြိမ်းချမ်းသာခွင့်မပေးရေး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်း ကြောင်းအဆိုကို ပြင်ဆင်အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့တင်သွင်းရာ လွှတ်တော်၏ အဆိုနှင့် စပ်လျဉ်း၍မဲခွဲဆုံးဖြတ်ခဲ့ပြီးအတည်ပြုကြောင်းကာအစည်းအဝေးဒုတိယနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518