နောင်နန်းဂျော်မဆတ်ဘုရားကျောင်းရှိ အောင်လောဒ်ဒေသမှ တိုက်ပွဲရှောင်များအား ဆန်ရိက္ခာနှင့် အိမ်ထောင်သုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား မေ(၁၈)
တနိုင်းမြို့နယ်၊ အောင်လောဒ်ဒေသမှ နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့၊ နောင်နန်းဂျော်မ ဆတ်နှစ်ခြင်းဘုရားကျောင်းသို့ တိမ်းရှောင်ရောက်ရှိလာသော မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဆန်ရိက္ခာ၊ မိသားစုသုံးပစ္စည်းများနှင့်ဆေးဝါး မျိုးစုံတို့ကို သွားရောက်ထောက်ပံ့ပေးကြသည်။
အဆိုပါ ဘုရားကျောင်းဝင်းအတွင်းရှိ တိုက်ပွဲရှောင်မိသားစု(၁၁၅)စု၊ လူဦးရေ(၄၉၃)ဦးတို့နေထိုင် လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် မိသားစုများ၏ယာယီတည်းခိုဆောင်များအတွင်းနေထိုင်ရသည့်အခြေအနေများနှင့်ကိုယ်ဝန် ဆောင်မိခင်၊ မီးဖွားပြီးကလေးငယ်နှင့် မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ကလေးငယ် များ၏ ကျောင်းပညာရေးနှင့် လတ်တလော လိုအပ်ချက်အရ သုံးရေ/ ချိုးရေ လုံလောက်စွာရရှိရေးတို့ အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ဘုရားကျောင်းအတွင်း၌ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်ဝန်ကြီးတို့က တိုက်ပွဲရှောင်မိသားစုများအားနှစ်သိမ့်အားပေးစကားပြောခဲ့ကြပြီး မိသားစုများအတွက် ပြည်နယ်ဝန်ကြီး ချုပ်မိသားစုမှ အာဟာရဖြည့်နို့မှုန့်များနှင့် ကလေးဝတ်အနွေးထည်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဆန် အိတ် (၁၀၀)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးမျိုးစုံ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှဆန်အိတ်(၁၀၀)၊ဆီပိဿာ(၁၀၀)၊ ပဲ(၁၄၈)ပိဿာ၊ ဆား(၇၃)နှင့် မိုးကာစ၊ ရေစစ်၊ ရေပုံး၊ ဓား၊ ရေနွေး ကရားအိုး၊ ဖျာစသည့် ပစ္စည်း(၆)မျိုးပါ (၁၆၃)စုံ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မိသားစုများအတွင်းရှိ ကိုယ် ဝန်ဆောင်မိခင်(၁၁)ဦးအတွက် တစ်ဦးလျင် ငွေကျပ်(၅၀၀၀၀)နှုန်းစီ နှင့် မသန်စွမ်း (၁၁)ဦးတို့အတွက် တစ်ဦးလျင်ငွေကျပ်(၃၀၀၀၀)နှုန်းစီတို့ဖြင့် စုစုပေါင်းငွေကျပ် (၈၈၀၀၀၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဇနီးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကလေးငယ်များအတွက် မုန့်များ ဝေငှကြွေးမွေးခဲ့ ကြသည်။

Visitors: 8,518