ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်သည့် မိုးကောင်းမြို့ မြို့တော်ခန်းမသစ်ဖွင့်လှစ်

မြစ်ကြီးနား မေ(၁၂)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမသစ်တည်ဆောက်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်းပေါင်း (၈၉၈)သန်းဖြင့် ဆောက် လုပ်ပြီးစီးသည့် မြို့တော်ခန်းမသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မိုးကောင်းမြို့၊ စျေးကုန်းရပ်ကွက် ရှိ အဆိုပါ အဆောက်အဦသစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
မြို့တော်ခန်းမသစ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်း၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဦးဝင်းညွှန့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံတို့က ဖဲကြိုးဖြတ်လှစ် ပေးကြပြီးမြို့တော်ခန်းမဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ခန်းမသစ်အတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း အများပြည်သူတို့ ၏လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မြို့/ရွာများအလိုက် အခြေခံအဆောက်အဦများဖြစ် သည့် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံနှင့် ခန်းမအဆောက်အဦများကို ဦးစားပေးဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးကောင်းမြိနယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးကို ရှေးရှု ၍ မြို့ကျက်သရေဆောင် မြို့တော်ခန်းမအား ခန့်ညားထည်ဝါစွာ ဆောက်လုပ်ပေးနိုင်သည့် အတွက် ဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်မြို့တော်ခန်းမဆောက်လုပ်ခဲ့သည့်မနောဧကရီဆောက်လုပ်ရေးကုမ္ပဏီမှမန်နေဂျင်း ဒါရိုက်တာဒေါ်ချိုလွင်ထွေးက မြို့တော်ခန်းမသစ်ဆောက်လုပ်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင် ပြပြီးရပ်မိ/ရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြောကြားကာတေးသံရှင်များကခေတ်ပေါ်တေးသီချင်း များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြို့တော်ခန်းမသစ် အဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ ကြသည်။
အဆိုပါ မြို့တော်ခန်းမသစ်ကို ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ပေါင်း (၈၉၈)သန်းဖြင့် (၂၀၁၆− ၂၀၁ရ)ဘဏ္ဍာရေးနှစ်နှင့် (၂၀၁၇− ၂၀၁၈)ဘဏ္ဍာရေးနှစ်အတွင်း အလျား(၁၆၈)ပေ၊ အနံ(၁၁၂)ပေ၊ အမြင့် (၄၅)ရှိ RC နှစ်ထပ် အဆောက်အဦးဖြစ်ပြီး (၁၂.၂.၂၀၁၇) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Visitors: 8,447