ပြည်နယ်အတွင်း လတ်တလောအခြေအနေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

မြစ်ကြီးနား မေ(၁၁)
ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော အခြေအနေများ၊ တိမ်းရှောင်ပြည်သူ များအား ကူညီထောက်ပံ့နေမှု၊ ကယ်ဆယ်ဆောင်ရွက်နေမှုအခြေအနေများနှင့် နယ်မြေအခြေအနေမှန် များအား သတင်းမီဒီယာများမှတစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အခြေစိုက်သတင်းမီဒီယာသမားများ၊ ပြည်ပအခြေစိုက်သတင်းမီဒီ ယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လတ်တ လောအခြေအနေများအရ နေရပ်စွန့်ခွာပြောင်းရွှေ့လာသောပြည်သူများအရေးနှင့်ပတ်သက်၍ သတင်း မီဒီယာများအနေဖြင့် သိရှိလိုသည့်သတင်းအချက်အလက်များ ရယူနိုင်ရေးအတွက် ယခုလို တွေ့ဆုံ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဒီးဆင်ရမ်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ ထောက်ပံ့ပေးနိုင်မှုအခြေအနေနှင့် ပိတ်မိပြည်သူများအရေးနှင့်ပတ်သက်၍နယ် မြေကွင်းဆင်းရာတွင် တွေ့ကြုံရသည်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ပြည်နယ်အခြေစိုက်မီဒီယာများ၏ တိမ်းရှောင်ပြည်သူ များအရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ နေရပ်ပြန်ရေးစီစဉ်ဆောင်ရွက်နေမှုအခြေအနေနှင့် ပိတ်မိ ပြည်သူများအရေးကိစ္စများ၊ နယ်မြေအခြေအနေများနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်လူမှုရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်းခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ဧပြီလဆန်းပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် တနိုင်း မြို့နယ်အတွင်းရှိ အောင်လောဒ်ဒေသရှိပြည်သူများသည် တနိုင်းမြို့ပေါ်နှင့် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများသည် မြစ် ကြီးနားမြို့ပေါ်၊ မိုးကောင်းမြို့နယ် ကဆုန့်ဒေသမှ ပြည်သူများသည် နမ္မတီးမြို့ပေါ်နှင့် ချီဖွေမြို့နယ် ပတ်ဝန်းကျင်မှ ဒေသခံများသည် ချီဖွေမြို့ပေါ်နှင့် ရှငေါ်ကျေးရွာသို့ အသီးသီးတိမ်းရှောင်နေထိုင် လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ တိမ်းရှောင်ပြည်သူများ ကယ်ဆယ်ထောက်ပံ့ရေး၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊ ခေါ်ယူကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရေးတို့ အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ဒေသအလိုက် ကွင်းဆင်း၍ လိုအပ်ချက်များအတွက်စာရင်းကောက်ယူခြင်း၊ ကူညီထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

Visitors: 8,447