မြစ်ကြီးနားဇုံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

မြစ်ကြီးနား မေ(၁၁)
၂၀၁၇-၂၀၁၈ ပညာသင်နှစ် မြစ်ကြီးနားဇုံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက တက်ရောက်အားပေးခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းများဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိမ်၊ ဗန်းမော်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များက ဘောလုံးအသင်းများက အားကစားအဓိဌာန်များ ရွှတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်အား ချီတက် အလေးပြုခဲ့ကြသည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားနည်းပညာတက္ကသိုလ်နှင့် တက္ကသိုလ် အမျိုးသားဘောလုံးအသင်းများက ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲများကို ပွဲစဉ် အလိုက် မေ(၁၁)ရက်နေ့မှ စတင်၍ မေ(၁၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

Visitors: 8,447