မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ကချင်ပြည်နယ် (ဝိုင်းမော်မြို့)၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

မြစ်ကြီးနား မေ (၁၁)
ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ကချင်ပြည်နယ် (ဝိုင်းမော်မြို့)၏(၇)ကြိမ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို မေ(၁၀)ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက စားသောက်ဖွယ်ရာများထောက်ပံ့ငွေများနှင့် မသန်စွမ်းသုံးအထောက်အကူ ပြုပစ္စည်းများ၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ရန်ကုန်(ရုံးချုပ်)မှ ဒုတိယ ဥက္ကဌ ဦးကိုကိုဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကလှူဒါန်းငွေကျပ်(၁၀၀၀၀၀၀)၊အလှူရှင်ဦးဌေးဝင်း နှင့်ဇနီးတို့မှ လှူဒါန်းငွေကျပ်(၁၀၀၀၀၀)၊ဦးမောင်မောင်ကြီးနှင့်ဇနီး ဒေါ်မိုးသီတာမိသားစု တို့မှလှူဒါန်းငွေကျပ်(၅၀၀၀၀)၊ ဝင်းလက်ယံမုန့်မျိုးစုံရောင်းဝယ်ရေးမှ မုန့်နှင့် ဖျော်ရည်များ၊ ဘေဘီစတိုးမှ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကော်ဖီထုတ်များ၊ ရတနာမောင်ရွှေဆိုင်မှ ဖျော်ရည်နှင့်မုန့်များ၊ တွဲလက်ကူညီအဖွဲ့မှ ဖျော်ရည်ဗူးများကို အလှူရှင်များက ပေးအပ် လှူဒါန်းခဲ့ကြရာ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ရန်ကုန် (ရုံးချုပ်)မှ ဒုတိယ ဥက္ကဌ ဦးကိုကိုဦးနှင့် ဝိုင်းမော်ရုံးခွဲ ဥက္ကဌ ဦးဂျီဇုန်းဆောင်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဥက္ကဌဦးကိုကိုဦးနှင့် ဝိုင်းမော်ရုံးခွဲဥက္ကဌ ဦးဂျီဇုန်းဆောင်တို့က မသန်စွမ်းသူများအတွက် ပညာရေးထောက်ပံ့ငွေ (၁၉၅၀၀၀)ကျပ်အား ပေးအပ်ခဲ့ရာ မသန်စွမ်းမောင်လတ်အောင်မှ လက်ခံရယူခဲ့ပြီး မသန်စွမ်းသုံးအထောက်အကူပစ္စည်းများ ဖြစ်သည့် ဝီးချဲလ်(၁၀)စီး၊ ဂျိုင်းထောက်(၁)စုံ၊ လက်ထောက်(၁)စုံတို့အား မသန်စွမ်းသူများ အား ပေးအပ်ခဲ့ရာ ကချင်ပြည်နယ်မသန်းစွမ်းသူများအသင်းကိုယ်စား ဝိုင်းမော်ရုံးခွဲ ဥက္ကဌ ဦးဂျီဇုန်းဆောင်မှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

Visitors: 8,528