ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံ

မြစ်ကြီးနား မေ(၉)
ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ မီဒီယာအဖွဲ့ဝင်များသည် ကချင်ပြည်နယ် အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ သတင်းရယူနိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါ သတင်းမီဒီယာအဖွဲ့များနှင့် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေ သောအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုလုပ်ငန်းများဆောင် ရွက်နေမှု၊ သွားလာရွှေ့ပြောင်းမှုခက်ခဲလျက်ရှိသည့် ဒေသများမှ ပြည်သူများအား ရွှေ့ပြောင်းနေချ ထားပေးနေမှုများနှင့် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်တွင်းအခြေစိုက်နိုင်ငံခြားသတင်းဌာနများဖြစ်သည့် ဂျပန်သတင်းဌာနများ၊ တရုတ်သတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများဖြစ်သည့် MRTV ၊ MITV တို့မှ မီဒီယာ အဖွဲ့ဝင်(၁၃)ဦးတို့၏ လွတ်လပ်စွာမေးမြန်းသတင်းရယူမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ သတင်းမီဒီယာအဖွဲ့များသည် နယ်မြေအခြေအနေအရ တိမ်းရှောင်ပြည်သူများရှိရာ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းနှင့် မြစ်ကြီးနားမြို့ နောင်နန်းတြီနတီ ဘုရားကျောင်းတို့ကို သွားရောက်၍ တိမ်းရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး လတ်တလောဖြစ်ပေါ်နေ သည့် အခြေအနေများနှင့် ပတ်သက်၍ လွတ်လပ်စွာသတင်းရယူခဲ့ကြသည်။

Visitors: 8,447