ပြည်နယ်အစိုးရအဖွဲ့မှ အင်ဂျန်းယန်မြို့ပေါ်ဘုရားကျောင်းများရှိ တိမ်းရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့

မြစ်ကြီးနား မေ(၈)
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်လလော နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာ ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ပေးနိုင်ရေး နှင့် တိမ်းရှောင်နေသူများအတွင်း ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား အရေးပေါ်ပြောင်းရွှေ့ခေါ်ယူ ကယ်ဆယ်နိုင်ရေးတို့အတွက် လိုအပ်သည့် အခြေအနေများကို စာရင်း ဇယားအမှန်ရရှိရေးတို့အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အင်ဂျန်းယန်ဒေသရှိ ပြည်သူများအား ထောက်ပံ့ပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ယင်းသို့ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အင်ဂျန်းယန်မြို့ရှိ ပြည်သူများအား ထောက် ပံ့ပေးနိုင်ရေးအတွက် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်း မာရေးဦးစီးဌာန၊ ဂရုဏာဖောင်ဒေးရှင်းနှင့် အလှူရှင်များပါဝင်သောအဖွဲ့သည် ယနေ့နံနက် (၁၁) နာရီတွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ကြပြီး အင်ဂျန်းယန်မြို့ပေါ်ရှိဘုရား ကျောင်းများ၌ တိမ်းရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ် (၇၀)၊ ဂရုဏာဖောင်ဒေးရှင်း၊ အလှူရှင်များနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ ဆန်(၇၆) အိတ်နှင့် Kitchen Set (၅၀)စုံ၊ Sanitary Kit (၅၀)စုံ၊ Dignity Kit (၅၀)စုံနှင့် ခြင်ထောင် (၅၀)စုံ၊ ဆေးဝါး(၁)ထုတ်၊ ပဲ(၁၀)အိတ်၊ ဆား(၆)အိတ်နှင့် ဆီ(၃)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူပင် မေ(၇)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ လိုင်နောင်ခူ(မံဝယ်)ဒေသရှိ ပြည်သူ (၁၃၉)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့၏လုပ်ငန်းကော်မတီအဖွဲ့နှင့် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက အဆိုပါ ဒေသမှ နယ်မြေတည်ငြိမ်အေးချမ်းရာဒေသများဖြစ် သည့် မိုးကောင်း၊ နန့်ဟိုင်၊ စီတုံ၊ ဂေါ်ရီ၊ ကောင်ရာ၊ ထွယ်ဆန်ယန်၊ ကထန်ယန်၊ လွယ်ဆိုင်ကျေးရွာ များနှင့် ကာမိုင်းမြို့ပေါ်ရပ်ကွက်များသို့ ညပိုင်းအထိ လိုက်ပါပို့ဆောင်၍ အစားအသောက်များ ကျွေး မွေးခြင်း၊ နေထိုင်လိုသောအရပ်ဒေသများ၌ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ၎င်းတို့ ၏ဆွေမျိုးများထံတွင် လွှဲပြောင်းအပ်နှံခဲ့ကြပြီး အိမ်ထောင်စုအလိုက် မိသားစဝင်(၂)ဦးရှိလျှင် ငွေ ကျပ် (၁၀၀၀၀၀)၊ (၃/၄)ဦးရှိလျှင် ငွေကျပ်(၁၅၀၀၀၀)နှင့် (၅)ဦးနှင့် အထက်ရှိ မိသားစုများအတွက် ငွေကျပ်(၂၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Visitors: 8,447