ကချင်ပြည်နယ်အစိုးရအဖွဲ့ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုး

မြစ်ကြီးနား မေ(၈)
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ထိန်ချုံးဟိန်ရုန်ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီလီမိတက်တို့အကြား မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နားလည် မှုစာချွန်လွှာ MOU ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး နှင့် ပေါင်ဆန်းပြည်နယ်ခွဲဒုတိယအုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ပြည်နယ်ဝန်ကြီးက ယနေ့ ရေးထိုးမည့် နားလည်မှုစာချွန် လွှာသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ဘက်စုံစီးပွားဖြိုးရေး ဇုန်ကချင်ပြည်နယ်အတွင်းပေါ်ပေါက်လာဖို့အတွက် နှစ်နိုင်ငံအကျိုး၊ နှစ်ဖက်ပြည်သူများအကျိုး အတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို ယုံကြည်ပါကြောင်းဖြင့် ပြောကြား ရာ ပေါင်ဆန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr.ဒူချွမ်းချန်က မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေး ဇုန်စီမံကိန်း ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စီးပွာရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွှန့်နှင့် ထိန်းချုံး ဟိန်ရုန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမီတက်မှ မန်နေဂျင်းဒါရိုက်တာMr.တွမ်ကြည်ဂွေ့တို့နှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးနှင့် ပေါင်ဆန်းပြည်နယ်ခွဲ၊ ဒုတိယ အုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး နာလည်မှုစာချွန်လွှာ MOU ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ယင်းသို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးအပြီးတွင် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှာင်စခန်းများအတွက် အလှူငွေကျပ်သိန်း(၁၀၀)ကိုအဆိုပါကုမ္ပဏီမှ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက လက်ခံရယူခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်ဆန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

Visitors: 8,447