ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား မေ(၈)
၂၀၁၈ခုနှစ်၊မေ(၈)ရက်တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်(၉)နာရီ ကျင်းပခဲ့ပြီး ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့၏ မြို့နယ်အလိုက်စွမ်းဆောင်ရည်ဆုများချီးမြှင့်ခဲ့ကြကာ မိဘမဲ့ကျောင်းများနှင့် မျက်မမြင်ကျောင်းတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားကို ကျောင်းကြက်ခြေနီအသင်းဝင်များက ကြက်ခြေနီတေးသီချင်း သီဆိုဖွင့်လှစ် ကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဂဲနက်စ်က ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသူထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အလိုက်တပ်ဖွဲ့များ၏ အသင်းခွဲလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်ဆုရ မိုးကောင်းနှင့် ချီဖွေမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် တပ်ဖွဲ့လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်ဆုရ မိုးကောင်း၊မြစ်ကြီးနား၊ချီဖွေနှင့်ဗန်းမော်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အသင်းဝင်အများဆုံးစည်းရုံးနိုင်ခဲ့သည့် ချီဖွေမြို့နယ်ကြက် ခြေနီအသင်းခွဲနှင့် သင်တန်းအများဆုံး ဖွင့်လှစ်နိုင်သည့် မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသွားရောက်လုပ်ကိုင်ခဲ့ကြသည့်ပြည်နယ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့အားဂုဏ်ပြုလက်မှတ်များ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဥက္ကဋ္ဌကမြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကျောင်း(၄)ကျောင်းနှင့် မျက်မမြင်ကျောင်း တို့ထံထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်တွင်းအလှူရှင်များနှင့် တရုတ်နိုင်ငံသားများ က ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့ထံ လှူဒါန်းသည့် အလှူငွေစုစုပေါင်း (၁၀၄၅၀၀၀၀)ကို လက်ခံရယူ ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကြက်ခြေနီဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုဖျော်ဖြေရုပ်သိမ်းလိုက်ပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည် တော်များ၊ INGO, NGO အဖွဲ့အစည်းများ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ပြသထားသော ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

Visitors: 8,518