လိုင်နောင်ခူး(မံဝယ်)ဒေသရှိနေရပ်စွန့်ခွာပြည်သူများ ပြောင်းရွေ့နိုင်ပေးနိုင်ရေးနှင့် တိမ်းရှောင်ပြည်သူများအား ဆက်လက်ထောက်ပံ့ပေးလျက်ရှိ

မြစ်ကြီးနား မေ(၆)
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ လတ်တလောတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအခြေအနေ အရပြောင်းရွှေ့ပေးနိုင်ရေးနှင့်လိုအပ်သည့်အခြေအနေများကိုစာရင်းဇယားအမှန်ရရှိရေးတို့အတွက် ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ(၆)ရက်တွင် ဖားကန့် မြို့နယ်၊ လိုင်နောင်ခူး(မံဝယ်)ဒေသရှိ နေရပ်စွန့်ခွာပြည်သူများအား ပြောင်းရွှေ့ပေးနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဖားကန့်မြို့နယ်၊ လိုင်နောင်ခူး (မံဝယ်)ဒေသသို့ သွား ရောက်သည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် ချောင်းဝကျေးရွာမှ တစ်ဆင့် မံဝယ်ဒေသသို့ ယနေ့ နံနက်ပိုင်းတွင်သွားရောက်ခဲ့ကြပြီး ယင်းဒေသ၌ဒေသခံအိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၁၃၆)ဦးနှင့်ရပ်ဝေး မှလာရောက်နေထိုင်သူ(၁၉)ဦးတို့ဖြင့် စုစုပေါင်း(၁၅၅)ဦးတို့အား နေထိုင်လျက်ရှိကြောင်းစိစစ်တွေ့ရှိရပြီး ဆန္ဒသဘောထားရယူကာ လက်ရှိဒေသမှ ပြောင်းရွှေ့နေထိုင်လိုသူ လူဦးရေ (၁၅၃)ဦးတို့အား ပြောင်းရွှေ့ ပေးနိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်းတွင် စက်လှေ(၂)စီး အဖွဲ့ဝင်များနှင့်အတူ (၂၂)ဦးတို့အား ချောင်းဝကျေးရွာသို့ ပို့ဆောင်ပေးလျက်ရှိသည်။
ဆက်လက်၍ ကျန်ရှိသည့် (၁၃၁)ဦးတို့အား ချောင်းဝကျေးရွာသို့ ထပ်မံပို့ဆောင်နိုင်ရေး၊ ချောင်းဝ သို့ရောက်ရှိလာသူများအား လိုအပ်သည့်အကူအညီများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ၎င်းတို့ သွားရောက်နေထိုင်လိုသော ဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူပင် နောင်နန်း၊ တန်ဖရဲနှင့် နမ္မတီးဒေသရှိ နေရပ်တိမ်းရှောင်ပြည်သူများအား လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် နမ္မတီးမြို့ရှိ လန်ဘရော့ယန်နှစ်ခြင်းဘုရားကျောင်းနှင့် စိန့်ပေါလုကက်သလစ်ဘုရားကျောင်းတို့တွင် နေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံအားပေးပြီး ဘုရားကျောင်း(၄)ကျောင်းရှိ အိမ်ထောင်စု(၂၆၀)အတွက် ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်(၃၅၉)အိတ်၊ ဆီ(၅၂၀)ပိဿာ၊ ဆား(၂၆၀)ပိဿာ၊ပဲ(၅၂၀)ပိဿာ နှင့်အမျိုးသမီးဦးဆောင်သောမိသားစုများ၊ကိုယ်ဝန်ဆောင်များနှင့်(၅)နှစ်အောက်ကလေးများ၊ မသန်စွမ်း သူများ၊အသက်(၉၀)နှစ်နှင့်အထက်၊အသက်(၁၀၀)နှစ်နှင့်အထက် စုစုပေါင်းပြည်သူ (၂၂၄)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၃၉၅၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ နောင်နန်းတြီနတီဘုရားကျောင်း သို့ သွားရောက်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံကာ အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ(၅၁၃)ဦးတို့အတွက် ဆန်အိတ်(၁၆၀)၊ ဆီ(၂၁၀)ပိဿာ၊ ပဲ(၂၁၀)ပိဿာနှင့် ဆား (၁၀၅)အိတ်နှင့် မိသားစုဝင်များထဲမှ နှင့်အမျိုးသမီးဦးဆောင်သောမိသားစုများ၊ ကိုယ်ဝန်ဆောင်များနှင့် (၅)နှစ်အောက်ကလေးများ၊ မသန်စွမ်း သူများ၊ အသက်(၉၀)နှစ်နှင့်အထက်၊ အသက်(၁၀၀)နှစ်နှင့် အထက် စုစုပေါင်းပြည်သူ(၁၈၄)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၀၈၉၀၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေ နေရပ်စွန့်ခွာပြည်သူများရှိရာ ဒေသအသီးသီး သို့ လုပ်ငန်းကော်မတီအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ မေ(၄)ရက်နေ့မှ စတင်စေလွှတ်ခဲ့ပြီး ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော လတ်တလောအခြေအနေများအရ နေရပ်စွန့်ခွာတိမ်းရှောင်နေသူများအား ၎င်းတို့ တိမ်းရှောင်ရာဒေသများမှ လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်နိုင်ရေးနှင့် ကလေးသူ ငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား အရေးပေါ်ပြောင်းရွှေ့ခေါ်ယူကယ်ဆယ်နိုင်ရေး တို့အတွက် ဆောင်ရွက်ခဲ့ကြရာ ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် နေရပ်စွန့်ခွာပြည်သူများရှိရာဒေသအသီးသီးရောက်ရှိခဲ့ကြပြီးလိုအပ်သည့်ကူညီထောက်ပံ့မှုများ၊ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ပြောင်းရွှေ့ပေးနိုင်ရေးအတွက် လိုအပ်သည့်အခြေအနေများအတွက် စာရင်းမှန် ရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Visitors: 8,528