နေရပ်စွန့်ခွာပြည်သူများ ကူညီထောက်ပံ့ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား မေ(၅)
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ လတ်တလောတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးအခြေ အနေအရ ပြောင်းရွှေ့ပေးနိုင်ရေးအတွက် လိုအပ်သည့်အခြေအနေများအတွက်စာရင်းဇယားအမှန်ရရှိရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ မြို့နယ်အသီးသီးရှိ ၎င်းတို့နေရပ်စွန့်ခွာရာ ဒေသများ သို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် နယ်မြေအခြေအရတိမ်း ရှောင်ပြည်သူများရှိရာ တနိုင်းမြို့နယ်၊ အောင်လောဒ်ဒေသသို့ သွားရောက်သည့် လုပ်ငန်းကော်မတီအဖွဲ့ အနေဖြင့် ယနေ့နံနက်(၁၀)နာရီခွဲတွင် တနိုင်းမြို့မှ အောင်လောဒ်သို့ ထွက်ခွာခဲ့ပြီး မွန်းလွဲပိုင်းတွင် ယင်း ဒေသသို့ရောက်ရှိကြပြီး အဆိုပါကျေးရွာ၌ ဒေသခံပြည်သူတစ်ဦးတစ်ယောက်မှမတွေ့ရကြောင်း၊ အိမ်မွေး တိရိစ္ဆာန်ကျွဲ၊နွားများနှင့်ပျက်စီးဆုံးရှုံးမှုမရှိသည့်လူနေအိမ်များသာကျန်ရှိနေသည့်အခြေအနေကိုစစ်ဆေး တွေ့ရှိခဲ့ပြီး ညနေပိုင်းတွင် တနိုင်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အလားတူပင် ဖားကန့်မြို့နယ်၊ လိုင်နောင်ခူး(မံဝယ်)ဒေသသို့ သွားရောက်သည့် လုပ်ငန်းကော်မ တီအဖွဲ့ဝင်များအနေဖြင့် ကာမိုင်းမှတစ်ဆင့် မံဝယ်သို့ သွားရောက်ရန် ဆောင်ရွက်ခဲ့သော်လည်း နယ်မြေ လုံခြုံရေးအခြေအနေအရ ကာမိုင်း - ဟိုပင် - ညောင်ပင် - ချောင်းဝ - မံဝယ်လမ်းကြောင်းအတိုင်း သွား ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာခဲ့ရာ ချောင်းဝသို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး မံဝယ်သို့ ဆက် လက်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ချီဖွေမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ရှငေါ်ဒေသသို့ သွားရောက်သည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ အနေဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် နေရပ်စွန့်ခွာ ပြည်သူများခေတ္တတိမ်းရှောင်ရာ ချီဖွေမြို့ပေါ်ရှိ စခန်းများ နှင့် ရှငေါ်/ခဝမ်ဘရားကျောင်းများသို့ ရောက်ရှိပြီး အိမ်ထောင်စု(၁၈၀)တို့အတွက် ဆေးဝါး ပစ္စည်းမျိုးစုံ (၂)ဖာ၊ Family Kit (၁၈၀) ဖာ၊ Sanitang(၁၈၀)ဖာနှင့် Jemy Lam (၁၈၀)ဖာတို့ကိုထောက်ပံ့ပေးအပ် ခဲ့ကြပြီး တိမ်းရှောင်ပြည်သူများ၏ လိုအပ်ချက်မှု အခြေအနေအတွက် စာရင်းကောက် ယူမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
လတ်တလောတိမ်းရှောင်လာသော ပြည်သူများရှိရာ နောင်နန်း၊တန်ဖရဲ၊ တီယန်ဖွပ်နှင့် နမ္မတီးမြို့ တို့ရှိ ဘုရားကျောင်းများသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များသည် တန်ဖရဲဘုရားကျောင်းဝင်းအတွင်းရှိတိမ်းရှောင်ပြည်သူများအားသွားရောက် တွေ့ဆုံအားပေးပြီး ဆန်အိတ်(၂၇၅)အိတ်၊ ဆီ(၃၅၆) ပိဿာ၊ ပဲ(၃၅၆)ပိဿာ၊ ဆား(၁၇၅)ပိဿာနှင့် အမျိုးသမီးဦးဆောင်သောမိသားစုများ၊ ကိုယ်ဝန်ဆောင်များနှင့် (၅)နှစ်အောက်ကလေးများ၊ မသန်စွမ်း သူများ၊အသက်(၉၀)နှစ်နှင့်အထက်၊အသက်(၁၀၀)နှစ်နှင့်အထက် စုစုပေါင်းပြည်သူ (၂၂၃)ဦးတို့အတွက် ငွေကျပ်(၁၃၈၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Visitors: 8,518