ပြည်နယ်ဝန်ကြီးချုပ် နမ္မတီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား မေ(၄)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း ဒေသအခေါ်ကဆုန့်နှင့် ဇွပ်မိုင် ကျေးရွာများမှ နမ္မတီးမြို့သို့ ခေတ္တပြောင်းရွေ့လာသော တိုက်ပွဲရှောင်ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဦးစွာ နမ္မတီးမြို့ လမ်းခွကျေးရွာ လန့်ဘရော့ယန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်း အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အမှတ်(၃)စစ်ဆင် ရေးနှင့် ကွပ်ကဲမှုဌာနချုပ်၊ ဗိုလ်မှူးကြီးကျော်ခိုင်ထွန်းတို့က နေရပ်ပြန်လည်ပြောင်းရွေ့နေထိုင် နိုင်ရေးနှင့် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင်(၃၀၀၀၀)နှုန်းဖြင့် အဆိုပါဘုရားကျောင်းဝင်းနှင့် ဆွေမျိုးများနေအိမ်ရှိ အိမ်ထောင်စု (၁၆၅)စုအတွက် ငွေကျပ် (၄၉၅၀၀၀၀)နှင့် စိန့်ပေါလုကက်သလစ်ဘုရားကျောင်းဝင်းအတွင်းရှိ အိမ်ထောင်စု (၂၄)စုတို့အ တွက် ငွေကျပ်(၇၂၀၀၀၀)နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးပစ္စည်းများကို ပေးအပ် ရာ သက်ဆိုင်ရာစခန်းတာဝန်ခံများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကလေးများအား မုန့်များဝေငှကျွေးမွေးခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဦးရပ်ကွက် စိန့်ဒေါ့မနစ်ကက်သလစ် ဘုရားကျောင်းဝင်းအတွင်းရှိ ပြည်သူများအား တွေ့ဆုံအားပေးပြီး အဆိုပါ ဘုရားကျောင်းဝင်း အတွင်းရှိ အိမ်ထောင်စု(၄၂)စုတို့အတွက် ငွေကျပ် (၁၂၆၀၀၀၀)နှင့် ကံလှကျေးရွာ ဧမာနွေလ ဘုရားကျောင်းအတွင်းရှိ တိုက်ပွဲရှောင်မိသားစု (၃၀)တို့အတွက် ငွေကျပ်(၉၀၀၀၀၀)ကို ပေးအပ် ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလော နယ်မြေအခြေအနေအရ တိမ်းရှောင် လာသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်း အခြားမြို့နယ်များမှ ပြည်သူများ အား ထောက်ပံ့ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Visitors: 8,518