တိုက်ပွဲရှောင်စခန်းများအား ပြည်သူများအား တန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မန်စီ မေ(၂)
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် နေထိုင်လျက်ရှိသည့် တိုက်ပွဲ ရှောင်အိမ်ထောင်စု(၆၅)စုတို့အား ယနေ့ မွန်းလွဲပိုင်းတွင် မန်စီမြို့နယ်၊ ရေခူးမံခံကျေးရွာရှိ တန်ဖိုး နည်းအိမ်ရာသို့ပြန်လည်နေရာချထားပေးခြင်းနှင့်မိသားစုများနေထိုင်စားသောက်မှုအဆင်ပြေစေရေး အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ ပြောင်းရွေ့နေရာချထားပေးရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ကြပြီး ပြောင်းရွေ့မိသားစု (၆၅)အိမ်ထောင်စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ် အိမ်ထောင်လျင် ဆန်အိတ် (၁)အိတ်နှုန်းဖြင့် ဆန်အိတ် (၆၅)အိတ်၊ အနွေးထည် (၈၅)ထည်၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ထောင်စု (၄၈)စုအတွက်ဆန် ရိက္ခာဘိုးငွေကျပ်(၄၄၅၂၀၀)နှင့် အိမ်ထောင်စု(၆၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြည်နယ် ကျန်းမာရေးဦးစီး ဌာနကဆေးဝါးပစ္စည်း(၂၉)မျိုးနှင့် ကြက်ခြေနီအသင်းမှ အိမ်ထောင်စုများအတွက် မိုးကာ၊ ခြုံစောင်၊ Sanitary Kit ၊ Kitchen Set (၆၅)စုံစီနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ ကြရာ ပြောင်းရွေ့နေထိုင်သူ ဒေါ်ဂျာခေါန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် UN အဖွဲ့ဝင်များသည် ပြောင်းရွေ့မိသားစုများ၏ နေအိမ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့်ပတ်သက် ၍ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်မြို့ တံခွန်တိုင် စစ်ရှောင်စခန်း၌ တိုက်ပွဲ ရှောင်မိသားစုဝင်များအား တွေ့ဆုံအားပေးပြီး အိမ်ထောင်စု (၂၀)စုအတွက် ဆန်အိတ်(၂၀)နှင့် ကလေးအနွေးထည် (၃၁)ထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

Visitors: 8,518