နယ်မြေအခြေအနေအရ တိမ်းရှောင်လာသော ပြည်သူများအား ဆန်ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးများထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဧပြီ(၃၀)
မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းမှ နယ်မြေအခြေအနေအရ ခေတ္တတိမ်းရှောင် လာသော ပြည်သူများအား ၎င်းတို့ယာယီနေထိုင်ရာ ဘုရားကျောင်းဝင်းများအတွင်း အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေရေးတို့အတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ၊ UN လက် အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုအပ်ချက်များ ဖြည့်စည်းဆောင်ရွက် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ဆန်အိတ်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UN အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက နောင်နန်းရပ်ကွက်ရှိ တြီနတီဘုရားကျောင်းဝင်းအတွင်း၌ ခေတ္တနေထိုင်သည့် အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ(၅၅၂)ဦးတို့အတွက် နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေး၊ ပညာရေးနှင့် အခြား လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၇၀)အိတ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာ ဖိုးငွေကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၇၇၃၀၀)နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူးက ဆေးဝါးပစ္စည်း များကိုထောက်ပံ့ပေးအပ်ခဲ့ကြပြီး မုန့်များကိုဝေငှကြွေးမွေးကြကာ တိမ်းရှောင်မိသားစုများ၏ယာယီ နေထိုင်ရာအဆောက်အဦများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မြစ်ဆုံကျေးရွာအုပ်စု တန်ဖရဲကျေးရွာ မာရီယာကောင်းကင်ဘုံသခင်မဘုရား ကျောင်း ဝင်း၌ နေထိုင်သည့် အိမ်ထောင်စု (၃၃၇)စု၊ လူဦးရေ(၂၁၅၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ ကျပ်(၁၈၅၄၃၀၀)နှင့် ဆေးဝါးပစ္စည်းမျာကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီး ဌာနနှင့်UN အဖွဲ့အစည်းများအနေဖြင့် စာရင်းများကောက်ခံရယူပြီး လိုအပ်ချက်များ ဖြည့်ဆည်း ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

Visitors: 8,518