ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲတော် မြစ်ကြီးနားမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား ဧပြီ(၂၉)
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် နှစ်စဉ်မပျက်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဧပြီ(၂၉)ရက် နံနက်ပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ညောင်ရေသွန်းပွဲတော်ကို နမောတဿ(၃)ကြိတ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်မှ သင်တန်းသား/ သူများ၊ တက်ရောက်လာကြသူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် လျောင်းတော်မူ၊ ရပ်တော်မူဘုရားဝင်းများ၌ ညနေပိုင်းတွင် ညောင်ရေသွန်းလောင်းသူ ပြည်သူများ၊ စျေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကား လျက်ရှိသည်။

Visitors: 8,518