အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် လူရည်ချွန်ကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား ဧပြီ(၂၅)
ကချင်ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ ၂၀၁၈ ခုနှစ် လူရည်ချွန်ကျောင်းသား/သူများ၏ ပုဂံ၊ ငွေဆောင်နှင့် အင်းလေး စသည့် အပန်းဖြေလေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား/သူများအား ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု လူရည်ချွန်ရွေးချယ် ခံရသည့် လူငယ်မောင်မယ်များအနေဖြင့် ယခုလို အောင်မြင်မှုတွေရရှိသည့်အတွက် မိဘ၊ ဆရာ/ ဆရာမများနှင့်ထပ်တူ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အပန်းဖြေစခန်းများ၌ သွားလာနေထိုင်ရာ တွင် စားသောက်မှုကို အထူးဂရုစိုက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ပညာကို ဆက်လက်ဆည်းပူး ၍ အနာဂတ်တွင် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သယ်ပိုးကြမည့် ဗိသုကာရှင်လူငယ်/ လူရွယ်များဖြစ်လာအောင် ပိုမိုကြိုးပမ်းအားထုတ်စေလိုကြောင်းဖြင့် ဂုဏ်ပြုအားပေးစကားပြော ကြားသည်။
ယင်းနောက် အဌမတန်း၊ နဝမတန်းနှင့် ဒဿမတန်းတို့တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ပြီး လူရည်ချွန်ရွေးချယ်ခံရသည့် မြစ်ကြီးနားခရိုင် မှ (၁၂)ဦး၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်တို့မှ (၆)ဦးစီဖြင့် စုစုပေါင်းကျောင်းသား/ သူ(၃၀)ဦးတို့က ပြည်နယ်ဝန်ကြီးချုပ်အား ဂါဝရပြုမိတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ ကျပ်(၉)သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/သူများကိုယ်စား ဆရာတစ်ဦးက လက်ခံရယူ ပြီးပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက လူရည်ချွန်မောင်မယ်များ၏ လေ့လာရေး ခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

Visitors: 8,518