နမ္မတီးမြို့သို့ ခေတ္တပြောင်းရွေ့လာသော တိုက်ပွဲရှောင်မိသားစုဝင်များအား ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ သွားရောက်ထောက်ပံ့

မြစ်ကြီးနား ဧပြီ(၂၄)
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ဒေသအခေါ် ကဆုန့်နှင့် ဇွပ်မိုင်ကျေးရွာများမှ နယ်မြေလုံခြုံရေး အခြေအနေအရ နမ္မတီးမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခေတ္တပြောင်းရွေ့ လာသော မိသားစုများအား ဧပြီ(၂၄)ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်အားပေးခဲ့ကြပြီး ဆန်ရိက္ခာ၊ ဆေးဝါးနှင့် မိသားစုသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှေးဦးစွာ နမ္မတီးမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)ဘုရား ကျောင်းအတွင်းရှိ အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၄၂၇)ဦးတို့အား သွားရောက် တွေ့ဆုံအားပေးခဲ့ ကြကာ ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၁၆၉)အိတ်နှင့် ခေါက်ဆွဲခြောက်ရိက္ခာဖာ(၄၀)၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၈၉၆၇၀၀)နှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများနှင့် ဆေးစိမ်ခြင်ထောင်များ၊ ပြည်နယ်ကြက်ခြေနီတပ် ဖွဲ့မှ မိသားစုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် Dignity Kit ၊ Sanitary Kit ၊ Kitchen Set များနှင့် ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မိသားစုဝင်များ၏ ကလေးငယ်များကို မုန့်များကို လိုက်လံ ဝေငှကြွေးမွေးခဲ့ကြသည်။
အလားတူပင် တိုက်ပွဲရှောင်မိသားစုများခေတ္တနေထိုင်ရာ နမ္မတီးမြို့၊ စိန်ပေါလ်ကက်သလစ် ကျောင်းဝင်းအတွင်း အိမ်ထောင်စု (၈၆)စုနှင့် လူဦးရေ (၃၁၈)ဦး၊ ကံလှကျေးရွာ၊ ဧမာနွေလအသင်း တော်ကျောင်းဝင်းအတွင်းရှိ အိမ်ထောင်စု (၃၅)စုနှင့် လူဦးရေ(၇၆)ဦးနှင့် မြို့ဦးရပ်ကွက် စိန်ဒေါမနစ် ကက်သလစ်ကျောင်းဝင်းအတွင်းရှိ အိမ်ထောင်စု (၄၅)စုနှင့် လူဦးရေ (၂၀၃)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၁၆၆)စုနှင့်လူဦးရေ(၅၉၇)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်(၂၁၅)အိတ် နှင့် ခေါက်ဆွဲခေါက်ရိက္ခာ (၅၀)ဖာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဘိုးငွေ ကျပ်(၁၂၅၃၇၀၀)နှင့် ဆေးဝါးနှင့်ဆေးစိမ်းခြင်ထောင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှမိသားစုသုံးကယ်ဆယ် ရေးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Visitors: 8,518