၂၀၁၈ ခုနှစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ(၂၀)
ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပပညာရေးလုပ်ငန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ဖူးသူများနှင့် ကျောင်းနေအရွယ်လွန်သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ်များ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်ဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၁၈ ခုနှစ် မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲတွင် ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဝန်ကြီးဌာန၏ ကျောင်းပြင်ပပညာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးတစ်စိုက်မတ်မတ်ဦးတည်ဆောင်ရွက်နေမှုများနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအစီ အစဉ်နှင့် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်အစီအစဉ်များကို တိုင်း ဒေသကြီး/ ပြည်နယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပ နှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လုပ်အားပေးဆရာ/ဆရာများများ၊ လုပ်ငန်းကော်မတီဝင်များ၊ သင် တန်းသား/သူများသည်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည် အားပေးကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ပေါ်ရှိ စာဖတ်ဝိုင်းများသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး အခြေခံစာတတ်မြောက်စာရေးသင်ရိုးစာအုပ်များနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခ ချုပ်၊ ပါမောက္ခများဆရာ/ဆရာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြသည်။
၂၀၁၈ ခုနှစ်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီ (၉)ရက်မှ မေလ(၁၈)ရက်အထိ ကျောင်းမနေဖူးသူနှင့် သက်ကြီးအရွယ်စာသင်သား(၇၁)ဦးတို့အား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်ဝိုင်း (၅)ဝိုင်းဖြင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ဦးစီး၍ တက္ကသိုလ်ကျောင်းသား/သူများက လုပ်အားပေးဆရာများအဖြစ် ပါဝင်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Visitors: 8,447