ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများသို့ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သမှုခံယူ

မြစ်ကြီးနား ဧပြီ(၁၈)
မြန်မာနှစ်သစ်ကူးအခါသမယ၌ ကုသိုလ်ကောင်းမှုအဖြစ် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်ဘုရားကျောင်းများသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အလှူ ငွေများသွားရောက် လှူဒါန်းပေးကြပြီး နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သမှုများခံယူကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဓမ္မရက္ခတဝန်းသိုကျောင်း ဆရာတော်အား ဖူးမျော်ကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နဝကမ္မအလှူငွေကျပ် (၁၅)သိန်းကို ဆရာတော်ထံ ပေးအပ်လှူဒါန်းကာ နှစ်သစ်ဆုတောင်းမေတ္တာပို့သမှုကို ခံယူကြပြီး ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ရုံး၌ အဖွဲ့ချုပ်အတွင်းရေးမှူး၊ သိက္ခာတော်ရဆရာတော်များနှင့်တွေ့ဆုံပြီး အလှူငွေကျပ်(၁၅)သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နှစ်သစ်ဆုမွန်ကောင်းချီးမင်္ဂလာများခံယူခဲ့ကြသည်။
ယင်းနောက် ကျွန်းပင်သာယာပရဟိတဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် (၁၅) သိန်း၊အောင်နန်းရပ်ကွက် ကက်သလစ်အသင်းတော်မြစ်ကြီးနားဂိုဏ်းအုပ်သာသာနာစိန်ကိုလန်ဘန် ကာသီဒြယ်၌ အသင်းတော်အတွက် အလှူငွေကျပ် (၁၅)သိန်း၊ အံတော်ရှင်ကျောင်းတိုက်အတွက် အလှူငွေကျပ် (၁၀)သိန်း၊ ယုဇနရပ်ကွက် ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေ ကျပ်(၁၅)သိန်းနှင့် ခေမာသီရိရပ်ကွက် ခေမာသီဝံကျောင်းတိုက်အတွက် အလှူငွေကျပ် (၁၅)သိန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက မြေမြင့်ရပ်ကွက်ကချင်မူရင်းနှစ်ခြင်းအသင်းတော်နှင့် ခရစ်တော်၏အသင်းတော် ဘုရားကျောင်းများအတွက် အလှူငွေကျပ်(၁၀)သိန်းစီနှင့် တပ်ကုန်းရပ်ကွက်ရှိ ဧဝံဂေလိအသင်း တော်ဘုရားကျောင်းနှင့် သီတာရပ်ကွက်ရှိ အင်္ဂလိကန်အသင်းတော်ဘုရားကျောင်းတို့အတွက် အလှူ ငွေကျပ်(၁၀)သိန်းစီကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 
 
 
Image may contain: 3 people, people sitting, table and indoor
+7
Visitors: 8,518