မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား ဧပြီ(၁၇)
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ သွေးလှူဒါန်းပွဲ နှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားကို မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်း တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဇော်ဂျွန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးဒိန်၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၂)သိန်းကျော်တို့ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။
ယင်းနောက် သာသနာ့ဗိမ္ဗာန်တော်၌ သက်ကြီးဘိုးဘွားပူဇော်ပွဲတွင် ဘိုးဘွား(၇၈)ဦးတို့အား ပူဇော်ကန်တော့ကြပြီးပြည်နယ်အစိုးရအဖွဲ့မှ ဘိုးဘွားတစ်ဦးလျှင် ငွေသားနှင့်ခြုံစောင်(၁)ထည်စီဖြင့် စုစုပေါင်း(၃၀၀၀၀)တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူ များက ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီမှ ကျင်းပလျက်ရှိသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့သွေအလှူရှင် ရဟန်းရှင် လူပြည်သူများနှင့် တပ်ရင်း/တပ်ဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆေးနှင့်အာဟာရများပေးအပ်က ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲတွင် အံတော်ရှင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဉာဏဓဇ အမှူးပြုသော ဆရာတော်/သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သဇ္ဇျယ်တော်မူကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက ပရိတ်တရားတော်များ နာယူကြ ပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်း ချအမျှပေးဝေကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

Visitors: 8,447