ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဧပြီ(၁၆)
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ပိတ်ပွဲနှင့်ဆုရပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ သင်္ကြန်အတက် နေ့ ညနေ(၅)နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဗဟိုမဏ္ဍပ်မှ ယိမ်းအဖွဲ့များက ယိမ်းအကအလှများ၊ တိုင်းရင်းသာရိုးရာအကအလှများ ဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆုချီးပွဲအခမ်းအနားတွင် ဆုရယိမ်းအဖွဲ့များ၏ အမည်စာရင်းနှင့် ဆုရသံချပ်အဖွဲ့များ၏ အမည်စာရင်းကို ကြေညာပြီး စီဒီကက်ဆက်ဖြင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့များအား စည်ပင်သာယာရေးဝန်ကြီး၏ဇနီးနှင့် လူမှုရေးဝန်ကြီး၏ဇနီးတို့ ကဆုများပေးအပ်ချီးမြှင့်ကြပြီး ကိုယ်ပိုင်သံစဉ်/စာသား/ဆိုင်းဝိုင်းပြိုင်ပွဲတွင် ဆုရယိမ်းအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ဇနီးများက ဆုများကို အသီး သီးချီးမြှင့်ကြပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သံချပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရသံချပ်အဖွဲ့များအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး၊ တတိယဆုရသံချပ်အဖွဲ့အား ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဆုရသံချပ်အ ဖွဲ့အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးတူးဂျာနှင့် ပထမဆုရသံချပ်အဖွဲ့အား ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တို့က ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး ဆုရယိမ်းအဖွဲ့များနှင့် သံချပ်အဖွဲ့များက သင်္ကြန်တေးသီချင်းအကအလှများ၊ သံချပ်တို့ ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကို ပိတ်သိမ်းလိုက်ကြောင်းနှင့် ၁၃၈၀ ခုနှစ် နှစ်သစ်ကို ကြိုဆိုလိုက်ကြောင်း ကြေညာပြီး ယိမ်းအဖွဲ့ များက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် အဖွဲ့လိုက်ကပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က အတာရေပျက်ဖြန်းပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Visitors: 8,518