မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ လည်ပတ်သူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားလျက်ရှိ

မြစ်ကြီးနား ဧပြီ(၁၅)
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မ ပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်၏ သင်္ကြန်အကြတ်နေ့တွင် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ရေသဘင် မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် ရေပက်ကစားသူများ၊ ရေပက်ခံ ထွက်သူများနှင့် မဏ္ဍပ်များ၌ တေးသီချင်းသီဆိုမှုများ၊ ယိမ်းအဖွဲ့အကအလှများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုသူများဖြင့် ပိုမိုစည်းကားလျက်ရှိသည်။
ယင်းသို့ သင်္ကြန်ပွဲတော်စည်ကားစွာကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့်ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန် ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ကချင်ပြည် နယ်ရဲတပ်ဖွဲ့ရေသဘင်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လှည့်လည်ရေကစားခဲ့ကြပြီး သင်္ကြန်ရိုးရာယိမ်းအကအလှများနှင့် ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေး ကြကာ ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အထူးသဖြင့် ဗဟိုမဏ္ဍပ်၊ တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာနမဏ္ဍပ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရေသဘင်မဏ္ဍပ်တို့တွင် ရေပက်ခံ ထွက်သူများ၊ ရေကစားသူအများအပြားဖြင့် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ငြိမ်းချမ်းပျော်ရွှင်စွာ ရေပက်ဖြန်းကစားလျက်ရှိကြသည်။
ညပိုင်းတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များ၏ ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား၊ စီဒီကတ်ဆက်ခွေတေးသီချင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမဏ္ဍပ်တွင်ကချင်နှင့်ရှမ်းတိုင်းရင်းသားတို့၏အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသူပရိတ်သတ်များဖြင့် အထူး စည်ကားလျက်ရှိသည်။

Visitors: 8,447