ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ရေပက်ကစားသူများအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဧပြီ(၁၄)
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်အကျနေ့ ယနေ့ နံနက်ပိုင်း၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုဖျော်ဖြေမှုများ နှင့် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါ ဝိုင်းမော်မြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ ယိမ်းအဖွဲ့များ၏ အကအလှများနှင့် ခေတ်ပေါ်တေးသီချင်းများသီဆိုဖျော်ဖြေတင်ဆက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့်ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်စာရင်းချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးတို့က ကြည့်ရှုအားပေးခဲ့ ကြပြီး ယိမ်းအဖွဲ့များနှင့် တေးသံရှင်များအား ဆုများချီးမြှင့်ခဲ့ကြသည်။

Visitors: 8,447