ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ(၁၃)
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ (တန်ခူးလပြည့်ကျော်-၁၃ရက်) သင်္ကြန်အကြိုနေ့ ညနေ(၄)နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်း ပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်လိုက်ကြောင်း ကြေငြာပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးနေဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ရှမ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဦးစိုင်းစိန်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက “နှစ်သစ်ခွန်းဆင့်” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုလျက်ရှိသည့် ယိမ်းအဖွဲ့ဝင်များအား နံသာရည်များပျက်ဖြန်း ပေးကြပြီး မြန်မာ့ရိုးရာသင်္ကြန်တေးသီချင်းများနှင့် ယိမ်းအဖွဲ့များ၏ အကအလှများ၊ နာမည်ကျော် တေးသံရှင်တို့၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ ကြသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ပေါ်ရှိတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန မဟာသင်္ကြန်မဏ္ဍပ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌများ ဖွင့်လှစ်ပေးကြကာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများကို ကြည့်ရှုအားပေးကြပြီး ကချင်ပြည်နယ်ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ရေသဘင်မဏ္ဍပ်၌ တေးသံရှင်များနှင့် ယိမ်းအကအလှများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူပင် ညအချိန်၌ မြစ်ကြီးနားမြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဌာနမဏ္ဍပ်နှင့် ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များရေသဘင်မဏ္ဍပ်တို့တွင် ယိမ်းအက အလှများ၊ နာမည်ကျော်တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေသူများအား ကြည့်ရှုအားပေး သူပရိတ်သတ်များဖြင့် စည်ကားလျက်ရှိသည်။

Visitors: 8,447