ပြည်နယ်ဝန်ကြီးချုပ် နမ္မတီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ

မြစ်ကြီးနား ဧပြီ(၁၁)
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ(၂)နာရီတွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်ကို ဖွင့်လှစ်ပေးကြပြီး ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များနှင့်အတူ နမ္မတီးမြို့၌ အသစ်ဆောက်လုပ်ပြီးစီးသည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ရုံးဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရုံးသစ်အဆောက်အဦကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အစည်းအဝေးခန်းမ၌ ရုံးသစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နမ္မတီးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ခရိုင်(၄) ခရိုင်နှင့် မြို့နယ်၊ မြို့အားလုံးကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သို့သော် ငြိမ်းချမ်းရေးမရရှိသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများ မှအပ ကျန်တည်ငြိမ်အေးချမ်းသည့် ဒေသများတွင် အတတ်နိုင်ဆုံး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရာနှုန်း ပြည့်ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိရာ အစိုးရနှင့် ဌာနဆိုင်ရာများ သာမက ဒေသခံပြည်သူတစ်ရပ်လုံးက လိုအပ်သလို ဝိုင်းဝန်းပူးပေါင်းပါဝင်မှသာလျှင် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အလားတူပင် အားလုံးက စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါဝင် လျက် မတူကွဲပြားမှုတွေကို ဘေးဖယ်ထားနိုင်မှသာလျှင် ပြည်နယ်ငြိမ်းချမ်းရေး ရရှိရေးရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရေးကို အဓိကအနေဖြင့် အားလုံးက ဝိုင်းဝန်း ပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူနမ္မတီးမြို့ကိုလည်းမြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် တည်ငြိမ်းအေးချမ်းရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဒေသခံအားလုံးက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မြို့ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပက်သတ်၍ ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွင်းလိုအပ်လျက်ရှိသောစျေးများအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းတံတားများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြေယာကိစ္စရပ်များကို တင်ပြဆွေး နွေးကြရာ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က ကျောင်းလမ်းတစ်လျှောက် ရေနုတ် မြောင်း ဆောင်ရွက်ပြီးစီးသည့် အခြေအနေနှင့် နမ္မတီးတိုက်နယ်ဆေးရုံအတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်(၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 
 
 
Image may contain: 7 people, people standing and indoor
+3

 

Visitors: 8,518