အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အရေးပါမှုနှင့် အောင်မြင်မှုများကို ဖော်ထုတ်ကျင်းပ

မြစ်ကြီးနား မတ်(၈)
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးထုတစ်ရပ်လုံး၏ အခွင့်အရေးအပြည့်အဝရရှိ ခံစားနိုင်စေ ရေး၊ နိုင်ငံတကာနှင့် ထားရှိခဲ့သည့် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေးနှင့် အမျိုးသမီးများ၏ လူမှုစီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများဖော်ထုတ်ကျင်းပခဲ့ သည့် ၂၀၁၈ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတကာတွင်သဘောတူ ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အောင်မြင်စေရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်ရန် ကျေးလက်မြို့ပြကွာဟချက်နည်းပြီးညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ရှိရင်းစွဲအရင်း အမြစ်များကို ပိုမိုအကျိုးရှိစွာ အသုံးချနိုင်လျှင် အောင်မြင်မှုများ ပိုမိုရရှိလာမှာဖြစ်ကြောင်းနှင့် မိမိ တို့ဒေသတွင်း အမျိုးသမီးများအကျိုးခံစားခွင့် များစွာရနိုင်မည့် အစီအစဉ်များကို ဆောင်ရွက်သွား ကြရန်လိုအပ်ပြီး အမျိုးသမီးများအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားပြီး ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အတွင်းရှိ အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသည့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များက အခမ်းအနားအထိမ်းအမှတ် အမျိုးသမီးများ ၏အရေးပါမှုနှင့် အောင်မြင်မှုများကို တိုင်းရင်းသားရိုးရာအကများ၊ အမျိုးသမီးဂုဏ်မြှင့်တင်ရေး တေးသီချင်းသရုပ်ဖော်အကများဖြင့် တင်ဆက်ဖျော်ဖြေကြပြီး Kachin State Women Network အဖွဲ့အစည်းမှ ပြည်နယ်အတွင်းရှိ ထူးချွန်ထက်မြက်သည့် အမျိုးသမီးစွမ်းဆောင်ရှင်များ၊ လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများအသံကို ပါဝင်လာနိုင်ရေး စွမ်းဆောင်ရှင်အမျိုးသမီးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် သည့် အစီအစဉ်များဖြင့် ဖော်ထုတ်ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ NGO ၊ INGO အသင်းအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသည့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်စစ်ရှောင်စခန်းနေ အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။

Visitors: 8,447