မိုးကောင်းမြို့၌ သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ်(၇)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွား(၈၃)ဦးတို့အတွက် လူမှုရေး ပင်စင်နှင့် အသုံးအဆောင်ပစ္စည်းများကို မတ်(၇)ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် တာဝန်ရှိ သူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် လူမှုရေးဝန်ကြီးတို့က ဘိုး/ဘွားများအား တွေ့ဆုံအားပေးစကားပြောကြားကြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ပြည်နယ် ဦးစီးမှူးဒေါ်မြမာလာစိုးက အသက်(၉၀)နှစ်နှင့်အထက် ပြည်နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ ကို လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းတင်ပြပြီး ဘိုးဘွား (၈၃)ဦးတို့အတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် တစ်လငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် (၃)လစာ အတွက် ငွေကျပ်(၃၀၀၀၀)နှုန်းစီနှင့် ပြည်နယ်ဝန်ကြီးချုပ်မိသားစုမှ ခြုံစောင်(၈၃)ထည်၊ ပြည်နယ် အစိုးရအဖွဲ့မှ အနွေးထည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မိုးကောင်းမြို့ အလယ်ရပ်ကွက်နှင့် နန့်ရင်းရပ်ကွက်နှင့် ကျွန်းတောရပ်ကွက် တို့ရှိ ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြပြီး ကျန်ရှိသည့် ဘိုးဘွားများ၏ နေအိမ်များသို့ မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ် ကြောင်းသိရှိရသည်။
ကချင်ပြည်နယ်အတွင်း အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၄၆)ဦးထိရှိပြီး မြစ်ကြီးနားခရိုင်အတွင်း (၃၄၄)ဦး၊ မိုးညှင်းခရိုင်အတွင်း (၂၉၆)ဦး၊ ဗန်းမော်ခရိုင်၌ (၁၉၉)ဦးနှင့် ပူတာအိုခရိုင်အတွင်း၌ (၁၀၇)ဦးရှိကြောင်းနှင့် လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ငွေကျပ် (၁၀၀၀) နှုန်းဖြင့် (၃)လစာအတွက် ငွေကျပ်(၃၀၀၀၀)နှုန်းကို ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရှိရသည်။

Visitors: 8,518